29 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာအနီး စစ်တပ်ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ကျောင်းရွာအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ၂ ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြား ဖရီးဒမ်း ဖက်ဒရယ် စစ်ကြောင်မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက် နံနက် ၈ နာရီမှ စ၍ ဆိပ်ဖြူမြို့နယ်၊ ဆော – ဆိပ်ဖြူကားလမ်းဘေး ကျောင်းရွာ တောင်ဘက်ရှိ အကြမ်းဖက်စစ်တပ် အထိုင်ကင်းစခန်းကို ဖေဖော်ဝါရီလ ၂ ရက် ညနေ ၄ နာရီအထိ ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံး အသုံးပြု၍ ကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ နေထိုင် ရာ ကင်းစခန်းပေါ်သို့ တည့်တည့် ကျရောက်ပေါက်ကွဲပြီး စစ်သား ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“နားလိုက်၊ ချလိုက်နဲ့ ၂ ရက်ဆက်တိုက်ဗုံးကျဲချခဲ့တာပါ။ သေဆုံးထိခိုက်မှု နောက်ဆက်တွဲ သတင်းကတော့ မသိရသေးဘူး။ စခတွေကို ကပစ ၂၁ ထဲ သယ် သွားတာတော့ သိရတယ်။ အထိနာတော့ လက်နက် ကြီး တွေ အရမ်းပစ်တယ်။ Paramotor စက်တပ် လေထီးနဲ့ ပတ်ကြဲတယ်။ ပြည်သူတွေထိတယ်၊ နွား ၄ ကောင်သေတယ်။ ရဲဘော်တွေတော့ အထိအ ခိုက်မရှိပါဘူး” ဟု နယ်စည်းမခြား ဖရီးဒမ်း ဖက် ဒရယ် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရ စစ်သားများကို ကပစ – ၂၁ တပ်ထဲသို့ ကားဖြင့်သယ်ဆောင် သွားခဲ့ကြောင်း၊ ထို့နောက် ကပစ – ၂၁ တပ် ထဲမှလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ စက် တပ်လေထီး (Paramotor) ဖြင့်ဗုံးသီးများကျဲချခြင်း၊ ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် ကျွန်းမကြီး ရွာမှ ပြည်သူ ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိကာ နွား ၄ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရ သည်။

စစ်ကောင်စီ၏ ဂိတ်စခန်းကို နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်းက ဦးဆောင် ပြီး ဆိပ်ဖြူအနောက်ပိုင်းဇုံ ၁ (ပကဖ) AK တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article