ရန်ကုန်၊ ဖေဖော်ဝါရီ ၆
ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် ထိုင်းအစိုးရ၏ ဒုဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဖြစ်သူ Phumtham Wechayachai က သွားရောက်တွေ့ဆုံခဲ့ပြီး အဆိုပါ လူကုန်ကူးခံရသူများကို အမှတ် ၂ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားမှတစ်ဆင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ထိုင်းနိုင်ငံက အားလုံးကို ကြိုဆိုပါတယ်။ သက်ဆိုင်ရာ သံရုံးတွေနဲ့ ညှိနှိုင်းပြီး စစ်ဆေးမှုတွေ လုပ်ပြီးရင် ရှုပ်ထွေးမှုတွေ မရှိရင် မွေးရပ်မြေ နိုင်ငံကို ပြန်ပို့ပေးမယ်။ ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျနော်တို့ကို စိတ်ချယုံကြည်ပြီး တတ်နိုင်သလောက် မျှဝေပေးခြင်းအားဖြင့် ကူညီပေးပါ။ အတွင်းမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအကြောင်း အားလုံးရဲ့ သက်သေခံချက်တွေဟာ ဒီနယ်စပ်ရာဇ၀တ်မှုတွေကို ပပျောက်အောင် ကြိုးပမ်းရာမှာ အရေးကြီးပါလိမ့်မယ်။”ဟု Phumtham Wechayachai က ပြောဆိုသည်။
ရွှေက္ကိုလ်မှ ပြန်လည် လွတ်မြောက်လာသော နိုင်ငံခြားသား ၆၁ ဦးတွင် တရုတ်နိုင်ငံသား ၃၉ ဦး၊ အင်ဒိုနီးရှား ၅ ဦး၊ အိန္ဒိယ ၁၃ ဦး၊ အီသီယိုးပီးယား၊ ပါကစ္စတန်၊ မလေးရှားနှင့် ကာဇက်စတန်တို့မှ တစ်ဦးစီပါဝင်ကြောင်း သိရှိရသည်။
မြ၀တီမြို့နယ်ရှိ အွန်လိုင်းကျားဖြန့် ငွေလိမ်ဂိုဏ်းများသည် ရွှေက္ကိုလ် အပါအဝင် သီးသန့်နေရာများတွင် စစ်ကောင်စီလက် အောက် ခံ BGF များ၏ ကာကွယ်စောင့်ရှောက်မှုဖြင့် ကြီးထွားလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတကာသုတေသနအဖွဲ့များက ထောက်ပြထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar