25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ထိုင်းနိုင်ငံကနေ ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေအခြေစိုက်ရာ ကရင်ပြည်နယ် မြဝတီမြို့နယ်ကို ပေးထားတဲ့ လျှပ်စစ်မီး နဲ့ လောင်စာဆီတွေ ဖြတ်တောက်ပြီးတဲ့နောက်မှာပဲ အဲဒီကျားဖြန့်ငွေလိမ် လုပ်ငန်းတွေမှာ ပါဝင်ပက်သက်နေတဲ့ စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့နဲ့ DKBA တပ်ဖွဲ့က ရာဇဝတ်မှုတွေကို နိုင်ငံတကာ နဲ့ ပူးပေါင်းတိုက်ဖျက်မယ်ဆိုပြီး ထုတ်ပြန်လာပါတယ်။
  • ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးတာတွေ လုပ်လာနေပြန်ပြီး ၊ လက်ရှိမှာ ခရီးသွား လူငယ် မောင်ကျော်ဇင်သက် နဲ့ မောင်ရဲမင်းအောင် ဆိုသူတို့ဟာ အမြန်လမ်းက အုတ်တွင်းမြို့ စစ်ဆေးရေးဂိတ်မှာပဲ အကြမ်းဖက် စစ်ကောင်စီ တပ်က စစ်ဆေးတဲ့အချိန် စစ်မှုထမ်းဖို့အကျုံးဝင်တယ် ဆိုပြီးတော့ကို ဖမ်းဆီးလိုက်တယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေရဲ့ မိဘဆွေမျိုးတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီး မှုတွေနဲ့အတူ ပြည်ပထွက်ခွင့်ပါ ပိတ်ပင်ထားတဲ့အတွက် နည်းပေါင်းစုံနဲ့ပြည်ပထွက်ဖို့ ကြိုးစား နေတဲ့ လူငယ်တွေဟာ ထိုင်းနိုင်ငံကို ဝင်ရောက်တဲ့အချိန်မှာလည်း တရားမဝင် ဝင်ရောက်မှုတွေနဲ့ ဖမ်းဆီးခံရတာတွေရှိနေပြီး ၊ ဒီကနေ့ မနက်ပိုင်းမှာပဲ ထိုင်းနိုင်ငံထဲကို ပြောင်းဖူးတင်တဲ့ ထရပ်ကားနဲ့ ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား လူငယ် ၈ ဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article