လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ
လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ကြောက်စိတ်တွေကိုဖယ်ရှား အမှောင်ခေတ်ကို ရဲရဲကျော်လွှား” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြတာဖြစ်ပြီးအမျိုးသမီး၊ လူငယ်နှင့် ဒေသပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြာင်းသိရှိရသည်။