30 C
Yangon

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မကျီးစင်ရွာသား ကို‌ဝင်းစိုးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က မကျီးစင်ရွာသား ကို‌ဝင်းစိုးကို မီးရှို့သတ်ဖြတ်ပြီး နေအိမ် အများအပြားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ အတွင်းမှ စတင်ကာ မြိုင်မြို့နယ် စက်မှု ၂ မှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ပေါက်မြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းမီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် မကျီးစင်ရွာကိုလည်း ဝင်ရောက် စီးနင်းမီးရှို့ခဲ့ပြီး ကျေးရွာနေ ပြည်သူ ကို‌ဝင်းစိုးကို မီးရှို့သတ်ဖြတ်ကာ နေအိမ်အများအပြားကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ထောင်နှင့်ချီသော‌ ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ် ကုက္ကိုစု ပျူစောထီးရွာမှ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို ပြန်လည် ဆုတ်ခွာနေပြီး စစ်ကြောင်းထိုးရာ တစ်လျှောက်တွင်လည်း လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက မြိုင် စက်မှု ၂ ကလာတဲ့ စစ်ခွေးစစ်ကြောင်းပဲ ပေါက်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေတာကြာပြီး ရွာတွေကိုလည်း တောက်လျှောက်ဝင်ရောက် စီးနင်းနေလို့ ထောင်နှင့်ချီတဲ့ ပြည်သူတွေ တိမ်းရှောင်နေရတုန်းပဲ မကျီးစင်ရွာကိုလည်း စစ်ခွေးတွေက မီးရှို့သွားလို့ ရေပြာရွာအနီးက နေအိမ်တွေကို မီးရှို့သွားတယ်။ ခွေးစစ်ကြောင်းကရှိနေသေးလို့ ပျက်စီးဆုံးရှုံးတဲ့ နေအိမ်အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူ ၁ ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားလို့ သိရတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ယင်း စစ်ကြောင်းသည် ပေါက်မြို့နယ်၊ မကျီးစင်ကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ကျေးရွာနေပြည်သူ ဦးသန်းပို ဒေါ်စောရီ၏ သား ကို‌ဝင်းစိုးကို မီးရှို့ သတ်ဖြတ်သွားကြောင်း MGS ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article