35 C
Yangon

ညောင်ရွှေနှင့် ပင်လောင်းရှိ ကျေးရွာများကို စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်နှင့် PNA အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၁၀ နှစ်အရွယ် ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲ ကျေးရွာကို အကြမ်းဖက် စစ်တပ်နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က ဖယ်ခုံ အနောက်ကမ်းမှနေ၍ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ် မောင်စိုင်းလျန်ဆိုင် ဦးခေါင်းနှင့် ကျောပြင် တို့တွင် ထိခိုက် ဒဏ်ရာရရှိပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် အသက် ၄၀ နှစ်အရွယ် ဦးစိုဝ်လုံ သည်လည်း ဦးခေါင်းတွင် ထိခိုက် ဒဏ်ရာရရှိပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အသက် ၄၀ နှစ်အရွယ် ဒေါ်နန်းဖန် သည်လည်း ခြေထောက် ပြင်းထန်ဒဏ်ရာရရှိပြီး အသက် ၄၅ နှစ်အရွယ်ရှိ ဦးကျား သည်လည်း လက်တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ်လည်း မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ပင်လောင်းမြို့နယ်၊ နန်းတုတ်ရွာကို အကြမ်းဖက် စစ်တပ် နှင့် ၎င်းတို့ လက်အောက်ခံ PNA အဖွဲ့က ဘီလူးချောင်းအနောက်ဘက်ကမ်းရှိ လွယ်ဖွီးမှနေ၍ မီးလောင်ဗုံး အပါအဝင် လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ရာ လူထိခိုက်မှုမရှိသောလည်း နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း သိရှိရသည်။

“အာဏာရှင်ကတော့ သူ့နဂို ဗီဇ အတိုင် ရက်စက်ယုတ်မာတယ် ဆိုတော့ သိပ်အထူးအဆန်း မဟုတ်ပေမယ့် ပအိုဝ်းအမျိုးသားရေးလို့ ကြွေးကြော်နေတဲ့ ပအိုဝ်းအဖွဲ့အစည်းက ကိုယ့်ပအိုဝ်း လူမျိုးကိုပြန်သတ်တာ အတူနေအဖိနိပ်ခံ ကိုယ့်တိုင်းရင်းသား ပြည်သူတွေကို ပြန်သတ်တာ မြင်ရတော့ လူထုတွေကိုယ်စား မျက်ရည်ကျမိပါတယ် တစ်နေ့ အမှန်တရား ပြန်ရအောင်ရှာပါမယ်” ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article