33 C
Yangon

မြဝတီမြို့ရှိ ကနဲလေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

မြဝတီမြို့ရှိ ကနဲလေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကနဲလေးကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Cobra Venom Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြဝတီမြို့ တောင်ဘက် ထိုင်း – မြန်မာနယ်စပ်ရှိ ကနဲကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်တို့တင်ထားတဲ့ သတင်းက လွဲရင် စစ်ရေး အခြေအနေတွေကို ပြောပြလို့ အဆင်မပြေသေးလို့ပါ။ လက်ရှိလည်း တိုက်ပွဲကာလမို့ပါ။ တိုက်ပွဲဖော်ဆောင်စဉ်ကာလမို့လို့ပါ” ဟု Cobra Column 2 Venom စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် Cobra Column 2 Venom စစ်ကြောင်းက “အောင်မြင်မှုရရှိသည့် တော်လှန်ရေးတိုင်းဟာ စိတ်ရော ကိုယ်ပါနှစ်မြုပ်၍ ပြည်သူလူထု၏ အကျိုးစီးပွားကို အမှန်တကယ်လိုလားသော ရည်မှန်းချက်ကြီးသူတို့သာ တွေ့ရ၏” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article