ရန်ကုန်၊ မေ ၂၆
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ယန်စီကြေးနီကုမ္ပဏီနှင့် ကပ်လျက်တွင် တည်ရှိသည့် ဝါးတန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်များက ယနေ့ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး လူနေအိမ်များ မီးလောင်ကျွမ်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောကြားသည်။
အင်အား ၁၀၀ ဝန်းကျင်ပါ စစ်တပ်စစ်ကြောင်းက ဝါးတန်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်းတွင် ယမန်နေ့ညပိုင်း ညအိပ်တပ်စွဲပြီး ယနေ့ နံနက်ပိုင်းတွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်တွင် အဆိုပါ အကြမ်းဖက်စစ်ကောင်စီသည် ယင်းမာပင်ဘက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးချီတက်နေကြောင်း ဒေသခံများ ထံမှ သိရှိရသည်။