28 C
Yangon

၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု နှင့် တရားမဲ့ ပြုကျင့်မှုများ စုံစမ်း တွေ့ရှိချက် အစီရင်ခံစာကို Non-CDM ဝန်ထမ်းတိုင်း မဖြစ်မနေ ဖတ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မြန်မာနိုင်ငံတစ်ဝန်းရှိ Non-CDM ဝန်ထမ်းတိုင်းအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှုနှင့် တရားမဲ့ ပြုကျင့်မှုများ စုံစမ်းတွေ့ ရှိချက် အစီရင်ခံစာကို မဖြစ်မနေ ဖတ်ရန် စစ်ကောင်စီက ထပ်မံ ညွှန်ကြားလိုက်ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဝန်ကြီးဌာန Website များတွင် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အစီရင်ခံစာကို လွှင့်တင်ထားရာ ဝင်ရောက်ကြည့် ရှုသူ နည်းပါးနေသဖြင့် ဝန်ထမ်းများ ဝင်ရောက်ကြည့်ရှုကာ ထောက်ခံကြောင်း မှတ်ချက်များ ဝင်ရေးရန် စစ်ကောင်စီက အမိန့်ထုတ်ထားခဲ့ကြောင်း၊ ထပ်မံ၍ ကြည့်ရှုသူလုံး၀ မရှိသဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု အစီရင်ခံစာကို ကြည့်ရှုရန် အမိန့်ထုတ်လာပြန်ကြောင်း သိရှိရသည်။

စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးဌာနများတွင်လည်း ၂၀၂၀ မဲမသမာမှု အစီရင်ခံစာကို ကြည့်ရှုသူ မရှိသဖြင့် အလိမ်အညာ စာရင်းတင်ပြ၍ စစ်ကောင်စီကို လိမ်လည်ကြကြောင်း သိရှိရသည်။

“ဝန်ကြီးရုံးတွေက လက်အောက်ဌာနအဖွဲ့အစည်းတွေအနေနဲ့ 2020.election.uec.gov သို့ ဝင်ရောက်ပြီးတော့ “မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများ ” အပေါ် စုံးစမ်းတွေ့ ရှိမှုတွေကို ဖတ်ရူ​ လေ့လာစေရေး ကြပ်မတ်ဆောင်ရွက်ဖို့၊ ဖတ်ရူလေ့လာမယ့် အကြောင်း လက်အောက်ခံ ဝန်ထမ်းတစ်ဦးစီက လက်မှတ်ရေးထိုး ပြန်ပို့ရန် အတင်းအကျပ် အကြိမ်ကြိမ် ညွှန်ကြားပါတယ်။

အချို့ဌာနတွေက အောက်ခြေဝန်ထမ်းတွေအထိ ပြောမပြ ဖတ်ရူမပြဘဲ စီမံဌာနစုကသာ လက်မှတ်အတုတွေ ရေးထိုးအ ကြောင်း ပြန်လိုက်တယ်။ တချိုဌာနဝန်ထမ်းတွေက ဖုန်းကိုင်သော်သော်လည်း လုပ်သက်ရင့်ဝန်ထမ်းကြီးတွေက Viber ပင်မသုံးတတ်သူတွေမို့ ဇွတ်လက်မှတ် ရေးထိုးခံရတယ်။ Website ဝင်ကြည့်လည်း အလိမ်အညာတွေပဲ အာဏာသိမ်းက တည်းက ပြည်သူကိုအမျိုးမျိုးလိမ်ပြီး ကျန်နေတဲ့ Non-CDM တွေကို တရစ်ချင်းကြပ်ပြီး သူ့အတွက် ကာဗာယူနေတာ။ သူလိမ်တော့လည်း ငါတို့ကလည်း လက်မှတ်ပါရင်ပြီးတာပဲဆိုပြီး လက်မှတ်တွေ လိမ်ပေးလိုက်တာပဲ “ဟု ဌာနဆိုင်ရာ အရာရှိတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စီ၏ Website များတွင် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်” ဟု ဆိုကာ PDF ဖိုင်များဖြင့် ဖော်ပြထားသည်။

စစ်ကောင်စီက ထုတ်ပြန်ထားသော ၂၀၂၀ ရွေးကောက်ပွဲ မဲမသာမှု PDF ဖိုင်တွင် ရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင်ကြံစည်ဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲကာလတွင် ဆောင်ရွက်ခဲ့မှုများ၊ ရွေးကောက်ပွဲအလွန်ကာလဖြစ်စဉ်များ၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်း စစ်ဆေးဆောင် ရွက်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးအပေါ် ခြုံငုံစစ်ဆေးတွေ့ရှိချက်၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေး ကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ခြင်းနှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ် သုံးသပ်ချက် စသည့်အချက်များကို ဖော်ပြထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများက NLD ပါတီကိုသာ ပြတ်ပြတ် သားသား မဲပေး ရွေးချယ်ခဲ့သော်လည်း မဲမသမာမှု လုပ် သည်ဟုဆိုကာ အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article