ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာတွင် အထိုင်ချထားသော အကြမ်းဖက် စစ်တပ် စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း ပစ်ခတ်တိုက်ခိုက်မှု အတွင်း လက်နက်ကြီး ၂ လုံးသည် အကြမ်းဖက် စစ်တပ် စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ၁ လုံးသည် ပေါက်ကွဲခြင်းမရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပစ်ခတ်ခဲ့တဲ့ ၆၀ မမ လက်နက်ကြီး ၃ လုံးက ၂ လုံးပဲ စစ်ခွေးစခန်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၁ လုံးကတော့ ခွေးစခန်းထဲ ကျရောက်ခဲ့ပေမယ့် ပေါက်ကွဲခဲ့ခြင်းမရှိဘူး။ စစ်ခွေး ထိခိုက်ဒဏ်ရာရရှိမှုကို နယ်မြေအခြေအနေအရ စုံစမ်းသိရှိရနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်” ဟု Snipe Rangers Force (Local – PDF) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) နှင့် ရပ်ကျေး ပကဖ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ၃၆၀၁ PPDF တပ်ရင်း စစ်ထောက်လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်ခန့်အချိန် ပေါင်းတည်မြို့နယ် သစ်ပုတ်ရွာနှင့် ညောင်နီပင်ရွာ အကြားတွင် သစ်ပုတ်အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်အချိန်းအပြောင်း ပြုလုပ်ပြီးပြန်လာစဉ် ပြည်ခရိုင် ပြည်သူ့ကာ ကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ (၁) နှင့် တပ်ခွဲ (၅) တို့က မိုင်း ၃ ကြိမ်ဆွဲ၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“မိုင်း ၃ ကြိမ်ဆွဲပြီး တိုက်ခိုက်ခဲ့တာပါ။ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရရှိမှု ရှိနိုင်ပါတယ်။ သေဆုံးခြင်း ရှိမရှိကိုတော့ အတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းထောက်လှမ်းနေဆဲဖြစ်ပါတယ်” ဟု ၃၆၀၁ PPDF တပ်ရင်း စစ်ထောက် လှမ်းရေးနှင့် သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
