32 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ကချင်ပြည်နယ်၊ ဗန်းမော်မြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ ခလရ ၂၃၆ တပ်ရင်းကို KIA-PDF ပူးပေါင်းတပ်တွေက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိတွေ အပါအဝင် စစ်သား အယောက် ၇၀ ကျော်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိထားပြီး ၊ လက်နက်ခဲယမ်း တွေလည်း သိမ်းဆည်း ရရှိထားပြန်တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်ရှုံးနေပေမယ့် လေယာဉ်၊ ဒုံးကျည် ၊ ရေငုပ်သင်္ဘော အပါအဝင် ခေတ်မီလက်နက်ခဲယမ်းတွေ သူတို့မှာ ရှိတဲ့အတွက် စိတ်အားငယ်စရာမလိုဘူးဆိုပြီး သူတို့ရဲ့ ဝါဒဖြန့် ပေါ်လစီ စစ်ကားဇတ်လမ်းတွေကို အမြဲဖွင့်ပြပြီးတော့ စစ်မှုထမ်းတပ်သားသစ်တွေကို ဝါဒမှိုင်း တိုက်နေပြန်တယ်လို့ တော်လှန်ရေးတပ်တွေဆီကို ထွက်ပြေးလွတ်မြောက်လာတ့ စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • တနင်္သာရီမြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ ခမရ ၅၅၈ တပ်ရင်းကနေ စစ်မှုထမ်း တပ်သားသစ် ၇ ဦး ဟာ သူတို့ကိုင်ဆောင်တဲ့ လက်နက်ကိုယ်စီနဲ့အတူ ထွက်ပြေးလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article