32 C
Yangon

မံစီမြို့နယ်၊ မန်တာရွာကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး အခြား ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

မံစီမြို့နယ်၊ မန်တာရွာကို စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှု အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၂ ဦး သေဆုံးပြီး အခြား ကလေးငယ် ၂ ဦး အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန်တာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် အမျိုးသမီးငယ် ၁ ဦးသေဆုံးပြီး ၈ လနှင့် ၁၀ နှစ်အရွယ် ကလေးငယ် ၂ ဦး အပါ အဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၈ မိနစ် မှစတင်၍ ညနေ ၄ နာရီ ၁၉ မိနစ်အချိန်အထိ မံစီမြို့နယ်၊ မန်တာရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၁၂ လုံး ထပ်မနည်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း အသက် ၈ နှစ်အရွယ် မောင်ငွါးဆာလေးနှင့် အသက် ၂၀ နှစ်အရွယ် မယာမဆီ တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ အသက် ၈ လအရွယ် မငွါးယေမီး သည် ဘယ်ပါး နှင့် ဘယ်လက်တွင် ထိခိုက် ဒဏ်ရာရပြီး အသက် ၁၀ နှစ်အရွယ် မောင်လုကာသည် ညာဘက်ပေါင် ထိခိုက် ဒဏ်ရာရကာ အသက် ၂၇ နှစ် အရွယ် ဒေါ်ထွန်းစန္ဒာ သည်လည်း ဘယ်ဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ကျေးရွာနေပြည်သူ ဦးမင်းရွှေ ၊ ဒေါ်ရွှေရီ ၊ ဦးတင် တို့၏ နေအိမ်များ၊ ဆန်စက်နှင့် လယ်တောများလည်း ဗုံးသီးထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

“Y-12 နဲ့ မန်တာကျေးရွာကို စုစုပေါင်း ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့တာပါ။ ပေါက်ကွဲသံ ၁၂ ကြိမ် ထက်မနည်း ကြားရပါတယ်။ အသက် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး နဲ့ အသက် ၂၀ အရွယ် အမျိုးသမီး ၁ ဦး ပွဲချင်းပြီးသေဆုံးတယ်။ အသက် ၈ လ ကလေးငယ် အပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေကို ဆေးကုသမှုပေးနေပါတယ်။ နေအိမ်တွေ ဆန်စက်တွေ ပျက်စီးမှုလည်းရှိတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မံစီမြို့နယ်ကို ယခု ဇန်နဝါရီလအတွင်းတွင် KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article