စစ်ကောင်စီလက်အောက်ခံ သံအမတ်၊ ကောင်စစ်ဝန်ချုပ်နှင့် သံရုံးဝန်ထမ်း ၃၀ ကို NUG က အမည်ပျက်စာရင်း ထပ်မံ ကြေညာ
နိုင်ငံတကာတွင် ရောက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသော လက်အောက်ခံ သံအမတ်၊ ကောင်စစ် ဝန်ချုပ်နှင့် သံရုံးဝန်ထမ်း ၃၀ ဦးတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUG က အမည်ပျက်စာရင်း ထပ်မံ ကြေညာသည်။
အဆိုပါ အမည်ပျက်စာရင်း သွင်းခံရသူများသည် အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးဖြင့် နိုင်ငံတော်၏အာဏာကို မတရား သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက် တွင် အမိန့်ညွှန် ကြားချက်များကို နာခံကာ ဆောင်ရွက်လျက်ရှိသည့်အပြင် အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ကြသည့် စီဒီအမ်ဝန်ထမ်းများကို ဖိအားပေးအကြပ်ကိုင်ခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အမှန်တရားများအား ဖုံးကွယ်၍ စစ်အာဏာရှင်နှင့် ပူးပေါင်းကြံစည် လိမ်လည် လှည့်ဖြားပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းများ ဖြန့်ဝေ ခြင်း၊ ကြေညာချက်များ ထုတ်ပြန်နေကြောင်း NUG က ဆိုသည်။
NUG အနေဖြင့် ကြေညာချက်အမှတ် ၈/၂၀၂၁ ကို ထုတ်ပြန်၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်ကြီးများ နှင့် သံတမန်များအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား ကိုယ်စားမပြုဘဲ “ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ” ဟူသော ဆောင်ပုဒ်နှင့်အညီ အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည် ပေးရန်လည်း သတိပေးနှိုးဆော်ခဲ့ကြောင်း သိရှိရသည်။
သို့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် လူမဆန်စွာ မတရား နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်၍ စစ်ရာဇ ဝတ်မှုကျူးလွန်နေမှုများကို မျက်ကွယ်ပြုကာ မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်ကိစ္စများ၊ ကောင် စစ် ရေးရာကိစ္စများနှင့် ပြည်ပ၌ ဆက်လက်နေထိုင်၊ အလုပ်လုပ်ကိုင်ရေးတို့တွင် ပိုမိုခက်ခဲ ကျပ်တည်းစေရန် မြန်မာနိုင်ငံသားများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်နေကြပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားအဓမ္မစစ်သားစုဆောင်းမှုနှင့် မတရား ဖိနှိပ်မှုများကို လက်ပါးစေပီသစွာ ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ပေးနေကြောင်း၊ ထို့ကြောင့် အကျင့်ပျက် လက်ပါးစေများကို ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း တွင် ထည့်သွင်းလျက် ပြင်းထန်စွာ သတိပေးကြောင်း ထုတ်ပြန်ထားသည်။
NUG က အမည်ပျက် ကြေညာလိုက်သော သံအမတ်၊ ကောင်စစ်ဝန်ချုပ်နှင့် သံရုံးဝန်ထမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
၁-ဦးတင်မောင်ဆွေ၊ မြန်မာသံရုံး၊ ပေကျင်းမြို့
၂-ဦးအောင်မင်းဦး၊ မြန်မာသံရုံး၊ ဘဲလ်ဂရိတ်မြို့
၃-ဦးကျော်စိုးမိုး၊ မြန်မာသံရုံး၊ ဒါကာမြို့
၄-ဦးမျိုးမြင့်မောင်၊ မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့
၅-ဦးဇော်ဦး၊ မြန်မာသံရုံး၊ နယူးဒေလီမြို့
၆-ဦးကျော်စိုးမင်း၊ မြန်မာသံရုံး၊ ဖနောင်ပင်မြို့
၇-ဦးဇော်ဇော်စိုး၊ မြန်မာသံရုံး၊ စင်ကာပူမြို့
၈-ဦးကျော်ကျော်မင်း၊ မြန်မာသံရုံး၊ တဲလ်အဗီးမြို့
၉-ဦးအောင်သူရိန်၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
၁၀-ဦးမင်းကျော်လင်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့
၁၁-ဦးမိုးကျော်သူ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့
၁၂-ဦးပြည့်ဖြိုးဝေ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ နိုဗိုစီဗစ်မြို့
၁၃-ဦးအောင်ဖေသက်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ စိန့်ပီတာစဘတ်မြို့
၁၄-ဦးဝဏ္ဏဟန်၊ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့
၁၅-ဦးအောင်မျိုးမြင့်၊ မြန်မာသံရုံး၊ ဂျကာတာမြို့
၁၆-ဦးအောင်စိုးဝင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့
၁၇-ဦးသစ်လင်းအုန်း၊ မြန်မာသံရုံး၊ မော်စကိုမြို့
၁၈-ဦးကျော်ဇေယျ၊ မြန်မာသံရုံး၊ ပါရီမြို့
၁၉-ဦးစိန်ဦး၊ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့
၂၀-ဦးတင်ယု၊ မြန်မာသံရုံး၊ ရီယာဒ်မြို့
၂၁-ဒေါ်မွှေးမွှေးခိုင်၊ မြန်မာသံရုံး၊ ရောမမြို့
၂၂-ဦးသန့်စင်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့
၂၃-ဦးအောင်ကို၊ မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့
၂၄-ဒေါ်ခင်စန္ဒာ၊ မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့
၂၅-ဦးမိုးနိုင်အောင်၊ မြန်မာသံရုံး၊ ဟားဗားနားမြို့
၂၆-ဦးဝင်းဇေယျာထွန်း၊ မြန်မာသံရုံး၊ လန်ဒန်မြို့
၂၇-ဦးစန်းယုကျော်၊ မြန်မာသံရုံး၊ မနီလာမြို့
၂၈-ဦးဟန်သိန်းကျော်၊ မြန်မာသံရုံး၊ ဘာလင်မြို့
၂၉-ဦးအောင်အောင်မျိုးသိမ်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောလ်ကတ္တားမြို့
၃၀-ဒေါက်တာဇော်လင်းမောင်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျလိစ်မြို့၏
ဓာတ်ပုံ-ဗြိတိန်၊ လန်ဒန်ရှိ စစ်ကောင်စီ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြနေကြစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
