32 C
Yangon

အမ်း -ပဒါန်း လမ်းတွင် ဆုတ်ခွာ ထွက်ပြေးလာသော စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိ၊ စစ်ကောင်စီ တပ်သားများ အမြန်ဆုံး လက်နက်ချ အလင်းဝင်ရန် ဖိတ်ခေါ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ အမ်း – ပဒါန်း လမ်းတွင် ဆုတ်ခွာ ထွက်ပြေးလာသော တပ်ပြေး စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိကြောင်း အထက်မင်းလှမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်း အမ်း – ပဒါန်း လမ်းပိုင်းတွင် တပ်ပျက်၍ အသက်ဘေးမှ လွတ်မြောက်ရန် ထွက်ပြေးနေသည့် စစ်တပ် စစ်ကြောင်းနှင့် အထက်မင်းလှ ပကဖ ၊ အရှိုချင်းကာကွယ်ရေးတပ်၊ ပြည်သူ့လွတ်လပ် ရေးတပ်တော် ပူးပေါင်း ရွေ့လျားစစ်ကြောင်း တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးသော်လည်း တော်လှန်ရေး ရဲဘော်များ နယ်မြေ ရှင်းလင်းစဉ် MA1 အမျိုးအစား သေနတ် ၁ လက် ၊ အီကွေမန့် ၁ စုံ ၊ လက်ပစ်ဗုံးသီး ၁ လုံး ၊ ကျည်ဘောက် ၅ ခု နှင့် ကျည်ဆံ ၁၁၅ တောင့် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“အမ်း-ပဒါန်း လမ်းပိုင်းကနေ ဆုတ်ခွာလာတဲ့ စစ်တပ် စစ်ကြောင်းတွေထဲက စစ်သား၊ ရဲတွေ အပြင် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ဖမ်းဆီး ပေါ်တာဆွဲခံရတဲ့ ပြည်သူ့စစ်တွေ အကုန်လုံးပေါ့ အမြန်အလင်းဝင်ကြဖို့ အသေမခံကြဖို့ ကျနော်တို့နဲ့ အမြန်ဆုံး ဆက်သွယ် ပူးပေါင်းကြဖို့ ပြောချင်ပါတယ်။ ပြီးတော့ မင်းလှ၊ မင်းဘူး၊ သရက် နယ်ထဲက ကပစ တပ်တွေနဲ့ တခြား စစ်စခန်းတွေကသူတွေရော အမြန်အလင်းဝင်ခြင်းဟာ အသေလမ်းက လွတ်မြောက်ပြီး သာယာနွေးထွေးတဲ့ မိသားစုဘဝတွေကို ပိုင်ဆိုင်နိုင်လိပ့်မယ်ဆိုတာ တပ်လှန့်စကားအဖြစ်အသိပေးပြောကြားချင်ပါတယ်” ဟု အထက်မင်းလှမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အမ်း-ပဒါန်း လမ်းပိုင်း တလျှောက်၌ တပ်ပြေး စစ်ကောင်စီ တပ်သားများသည် ၎င်းတို့ အသက်ဘေးမှ လွတ် မြောက်ရန် မျိုးစုံ ကြိုးစားနေကြသည့် အခြေအနေကို မြင်တွေ့နေရကြောင်း၊ ဖက်ဆစ် စစ်ခေါင်းဆောင်များ၏ အကျိုးအတွက် ပေးဆပ်ရန် မယုံကြည်၍ ထွက်ပြေးနေသော်လည်း စစ်ဝါဒ၏ မှိုင်းသွင်းမှုကြောင့် ‌‌တော်လှန်ရေးတပ်ဖွဲ့များကိုပါ အမြင်မှား လျက် ကြောက်လန့်ကာ ပြန်လည်ပစ်ခတ်ကြသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက ထိန်းသိမ်း ပစ်ခတ်ကာ တုံ့ပြန်တိုက်ခိုက်နေရကြောင်း သိရသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်သားများ အနေဖြင့် ရှေ့ဆက်၍ စစ်စခန်းများ စွန့်ခွာလိုပါက တော်လှန်ရေးတပ်ဖွဲ့များကို နည်းမျိုးစုံဖြင့် ဆက်သွယ်၍ဖြစ်စေ၊ ဖုန်း နှင့် အင်တာနက်လိုင်းများဖြင့် ဆက်သွယ်၍ မရပါက အလံဖြူ အချက်ပြ၍ ဖြစ်စေ၊ အသံပြု ၍ဖြစ်စေ တော်လှန်ရေးတပ်ဖွဲ့များ ပြည်သူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ထိခိုက်မှု အန္တရာယ် တစ်စုံတရာ မဖြစ်စေဘဲ လုပ်ဆောင်ကြပါရန် အထက်မင်းလှမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးက အသိပေး ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article