26.2 C
Yangon

မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်မှုရှိနိုင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်မြို့၊ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ်ခန့်တွင် မှော်ဘီမြို့နယ်၊ အမှတ်၄လမ်းဆုံ၊ အောက်မင်္ဂလာဒုံ လမ်းမကြီးပေါ်ရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို အဝေးထိန်းမိုင်း အသုံးပြုပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိနိုင်ပြီး အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း၊ စစ်ဆင်ရေးပြီးဆုံးပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“၂ လုံးခွဲတာပါ။ ၁ လုံးကတော့ ပေါက်ကွဲမှုက ယမ်းအားပျော့သွားတယ်။ အဝင်အထွက် ဂိတ်ပေါက် အနီးဆုံးနား ချထားနိုင်ပြီး အဝင်အထွက်ကို ချိန်ကိုက် ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တယ်။ ရဲခွေးများ ထိခိုက်မှုရှိနိုင်ပါတယ်။ အခြေအနေ အသေးစိတ်ကိုတော့ အတည်ပြု စုံစမ်းနေဆဲပဲ” ဟု Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို Operation Flame (OF) မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆက်လက်၍လည်း ရန်ကုန် တော်လှန်ရေးမဟာမိတ်များအားလုံးနှင့် အတူ လက်တွဲပြီး အကြမ်းဖက် စစ်တပ်ကို အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း Operation Flame သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article