Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ရန်ကုန်နဲ့ ပဲခူးဒေသတွေကိုစိုးမိုးရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်လက်အောက်က တပ်တွေ စတင်ရွှေ့နေပြီလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တပ်ထွက်မိန့်ခွန်း ပြောခဲ့ပါတယ်။
ရန်ကုန်မြို့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်မှာ Non CDM ကျောင်းသားတွေကို ဘွဲ့ပေးမယ့် ဘွဲ့နှင်း သဘင်နဲ့ ညစာစားပွဲအတွက်လို့ဆိုကာ ကျောင်းသားတစ်ဦးကို ကျပ် ၂ သိန်းပေးဖို့ ပါမောက္ခချုပ် ရွှေတိုးက ကောက်ခံခိုင်းနေတယ်လို့ အဲဒီကျောင်းမှ ကျောင်းသားတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တနင်္သာရီတိုင်းက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားနိုင်ငံက ရင်းနှီး မြှုပ်နှံရန် စစ်ကောင်စီနဲ့ လက်မှတ်ရေးထိုးလိုက်ပြီး ရုရှားနိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပူးပေါင်း ဆောင်ရွက်မယ့် သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
