28 C
Yangon

ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

Must read

ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှမစားရစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် သီးလုံးပျူစောထီးရွာကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်တွင် သီလုံးရွာနှင့် ဇီးဖြူကုန်းရွာမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် နှမစားရစ် ကျေးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ ဖျက်ဆီးနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက သီးလုံး ပျူစောထီးရွာကို တန်ပြန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း သီးလုံးရွာရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ စုဝေးနေသော ဘန်ကာ ကာကင်းများကို တော်လှန်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ်ပြီး အနီးကပ် ခြုံခို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

“ဒီနေ့ နံနက်ပိုင်း သီလုံး နဲ့ ဇီးဖြူကုန်းက စစ်ခွေးတွေနဲ့ ပျူခွေးတွေက နှမစားရစ်ကျေးရွာကို ဝင်ရောက် ပစ်ခတ်ပြီး ပြည်သူ့ အိုးအိမ်တွေကို မီးရှို့ ဖျက်ဆီးနေချိန် ကျနော်တို့ တန်ပြန်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှုကိုတော့ အတည်မပြုနိုင်သေးဘူး။ အများပြည်သူ အတွက် ရွှေဘိုမြို့နယ် ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ အနေနဲ့ တရားဥပဒေ စိုးမိုးရေးတဖက် စစ်ရေးမှာလည်း ပြည်သူ့ကာကွယ်တပ်မတော်၏ အရံစစ်သည်ပီပီ ပူးပေါင်းဆောင်ရွက်နေပါတယ်။ မိဘ ပြည်သူများ၏ ရှေ့မှာ မားမားမက်မက် ရပ်တည်ပြီး ဘုံရန်သူကို ချေမှုန်းသွားမယ်လို့ ပြောချင်ပါတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို shwebo Crocodile ၊ shwebo Federal Army ၊ ဒေါင်းစစ်သည်၊ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး ဆက်လက်၍ ပြည်သူများကို မတရား ဖိနှိပ် အနိုင်ကျင့်နေသော စစ်သားနှင့် ပျူစောထီးများကို ချေမှုန်းသွားမည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article