ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon UG People Army – YUPA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ့ ၇ နာရီ မိနစ် ၅၀ အချိန် မြောက်ဒဂုံမြို့နယ်၊ မဝတလမ်းဆုံ အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြှင့် အဝေး ထိန်း ရီမုမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ဖောက်ခွဲတိုက်ခိုက်မှုအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်သိရှိနိုင်ရန် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ တိုက်ခိုက်ပြီးနောက်ပိုင်း မြောက်ဒဂုံထွေအုပ်ရုံး ပတ်ဝန်းကျင်မှာ အချိန်အတော်ကြာ ပိတ်ဆို့ စစ်ဆေးတယ်လို့ကြားရပါတယ်။ ဒီမနက်ထိလည်းစစ်ဆေးနေတုန်းပဲလို့ ကြားရတယ်။ အဝေးထိန်းရီမု မိုင်းကို တတ်နိုင်သလောက် စခတွေအနီး ကပ်ချခဲ့တာဆိုတော့ ထိခိုက် သေဆုံးမှု ကတော့ ရှိနိုင်ပါတယ်။ အသေးစိတ်တော့ ဆက်လက်စုံစမ်းဆဲပါ” ဟု Yangon UG People Army – YUPA မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Yangon UG People Army (YUPA) တပ်ဖွဲ့မှ မြို့ပြပြောက်ကျားရဲဘော်များ က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ အားလုံး ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။
Yangon UG People Army (YUPA) – YUPA တပ်ဖွဲ့ အနေဖြင့် မြို့ပြမစ်ရှင်များကို အရှိန်မြှင့် လုပ် ဆောင်သွားမည်ဖြစ်သောကြောင့် မိဘပြည်သူတွေ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရှိသည့် နေရာများကို ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ထွေ/အုပ်ရုံး။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
