29.7 C
Yangon

ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း စသည့် တားမြစ်အလုပ်များ လုပ်ကိုင်သော မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေပြီး ထိုင်းရောက် မြန်မာများ အထူးသတိထားရမည့်အချိန်ဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း စသည့် တားမြစ်ထားသော အလုပ်လုပ်ကိုင်သော မြန်မာများကို ထိုင်းအာဏာပိုင်များက ဆက်တိုက်ဖမ်းဆီးနေကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပြောဆိုချက်နှင့် ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ချင်းမိုင်ရှိ ကုန်ပစ္စည်းအရောင်းဆိုင်ကို စစ်ဆေးရေးဝင်ရောက်ခဲ့ကြရာ မြန်မာနိုင်ငံသား ၂ ဦးက အရောင်းဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်နေကြပြီး ၎င်းတို့ထံတွင် တရားဝင်ခွင့်ပြုချက်နှင့်စာရွက်စာတမ်းများမရှိကြောင်း၊ တရားဝင်ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးက သတင်းထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီ ၂၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် အွန်လိုင်းမှစတင့် အလှကုန်နှင့်လူသုံးကုန်ပစ္စည်း အမယ်စုံ ၅၀၀၀ ကျော်ကို ရောင်းချနေသော မြန်မာနိုင်ငံသား လင်မယား ၂ ဦးကို တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက သတင်းဖော်ပြသည်။

ထိုင်းနိုင်ငံတွင် စျေးရောင်း၊ ဆိုင်ကယ်ပြင်၊ ကားမောင်း အပါအဝင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်မပြုသည့် အလုပ်အကိုင်များစွာရှိနေပြီး ယင်းအလုပ်များတွင် မြန်မာနိုင်ငံသားများက ဝင်ရောက် လုပ်ကိုင်နေသဖြင့် တိုင် ကြားမှုများကြောင့် ထိုင်းအာဏာပိုင်များက မကြာခဏဆိုသလို မြန်မာများကို ဦးတည်ပစ်မှတ်ထား ဖမ်းဆီးမှုများလုပ်ဆောင်လာကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားအရေးလှုပ်ရှားသူ ကိုရဲမင်းက ဆိုသည်။

“ထိုင်းရောက် မြန်မာတွေ သတိပြုဆင်ခြင်ရမယ့်အချိန်ပါပဲ။ သူတို့ထိုင်းတွေ စီးပွားရေးမကောင်းချိန်မှာ မြန်မာတွေက တစ်တော့မှာ ငွေအထုပ်လိုက် ပိုက်ပြ၊ ကားတွေ အိမ်တွေ ဝယ်ပြ သုံးပြတော့ အတိုင်ခံရတာတွေ ဖြစ်လာတယ်။ ဒီအချိန်က မြန်မာအလုပ်သမားတွေရော ထိုင်းရောက် မြန်မာတွေရော သတိထားရမယ့်အချိန်ပါ” ဟု ကိုရဲမင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိသော မြန်မာများကို စစ်ကောင်စီထံသို့ ချက်ချင်း ပြန်လည်လွှဲပြောင်းနေပြီး အကြမ်းဖက်စစ်တပ်ကလည်း ထိုင်းမှ ပြန်လွှဲသော မြန်မာများအနက်မှ အမျိုးသားလူငယ်များကို စစ်မှုထမ်း တပ်သားများအဖြစ် အတင်း အကျပ် စုဆောင်း စစ်သင်တန်းတက်ခိုင်းနေကြောင်း ပြန်လည် ထွက်ပြေးလွတ် မြောက်လာသော CDM စစ်မှုထမ်းတပ်သား မောင်အောင်ဆက်ပိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article