29.7 C
Yangon

ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

Must read

ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၇ ဦးသေဆုံးကာ တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်သား ၇ ဦး သေဆုံးခဲ့ကြောင်း Southern Eagle PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ လ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ အောင်ဇေယျ စစ်ကြောင်း နေရာယူထားသော ကော့ကရိတ်မြို့ တောင်ပိုင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီ ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force မှ တော်လှန်ရေး ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။

အဆိုပါ တိုက်ခိုက်မှုကို နယ်မြေခံ မဟာမိတ် တပ်ဖွဲ့များ ဖြစ်သော P29909 Southern Eagle PDF တပ်ရင်း တပ်ခွဲ (၃) Tiger Dragon Revolution Force (မိုင်းတွဲဘက်) ၊ Special Operation Force (SOF) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားရာ အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေသောကြောင့် ကျေးရွာပြည်သူများ လုံခြုံမှုရှိသော နေရာများကို တိမ်းရှောင်ကြရန် Southern Eagle PDF က မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article