37.7 C
Yangon

မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီး စစ်ကောင်စီ၏ ကြေးနီတင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးဟုဆို

Must read

မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီး စစ်ကောင်စီ၏ ကြေးနီတင် စစ်ယာဉ်တန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံးဟုဆို

ရန်ကုန်၊ မတ် ၁

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ နတ်လူထိပ်ပန်အနီးတွင် စစ်ကောင်စီ၏ ကြေးနီတင် စစ်တပ်ယာဉ်တန်း နှင့် ကင်းလှည့်ကားတစ်စီး ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းက မုံရွာမြို့နယ် ၊ ဝမ်ပေါင်ကုမ္ပဏီမှ ထွက်လာသည့် ကြေးနီတင် ယာဉ် ၄၁ စီး ၊ လုံခြုံရေး လိုက်ပါလာသော သံပြားကာ ကား ၆ စီး နှင့် Jammer ကား ၉ စီးပါ ယာဉ် တန်းကို လူထိပ်ပန်အနီး၌ အသင့်စောင့်ဆိုင်း၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြေး နီတင် ယာဉ်ပေါ်လိုက်ပါလာသော စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“လက်ရှိထုတ်ပြန်ထားတဲ့အတိုင်းပဲ သိရသေးတယ်။ နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု၊ သေတဲ့သူ တွေကို ဘယ် ကို ပို့လိုက်လဲတော့ သေချာမသိရဘူး။ ကျနော်တို့ဘက်က ရဲဘော်တွေ အားလုံး ဘေးကင်းပါတယ်” ဟု Monywa Youth Attack Force – MYF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ထို့အပြင် မုံရွာမြို့အတွင်း အိမ်စီးကားဖြင့် ကင်းပတ်လည်သည့် အကြမ်းဖက်စစ်သားများကိုလည်း ထပ်မံ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီတော်လှန်‌ရေးတပ်ဖွဲ့၊ Yinmarbin District No.9 Regiment ၊ Monywa Undergrown Force နှင့် Monywa Youth Attack Force တပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article