37.7 C
Yangon

ရေတာရှည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လုံးမီးလောင် ပျက်စီး

Must read

ရေတာရှည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သံဃာတော် ၁ ပါး ဒဏ်ရာ ရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လုံးမီးလောင် ပျက်စီး

ရန်ကုန်၊ မတ် ၁

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရဟန်း ၁ ပါး ဒဏ်ရာရရှိပြီး ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း တော်ဝင် လျှပ်စီးစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ ဘက်ကမ်းရှိ ပိတောက်ကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူလူထု ထိခိုက်ခြင်းမရှိသော်လည်း နေအိမ် ၅ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရ သည်။

အလားတူ ညနေ ၅ နာရီ ၄၀ မိနစ်ခန့်တွင်လည်း အကြမ်းဖက်စစ်ကောင်စီမှ ဒုတိယအကြိမ် စစ် တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ဂူကြီးကျေးရွာသို့ တိုက်လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ရဟန်း ၁ ပါး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံနှင့်အတူ နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေကို အလွတ်မဲ့ ဗုံးကျဲတိုက်ခိုက် တာဖြစ်ပါတယ်။ အခုဆိုရင် စကစ က ရှုံးမဲ မဲပြီး ပြည်သူအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက် ခိုက်တာတွေကို ခပ်စိပ်စိပ်လုပ်လာနေတာဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေဟာ အကြောင်းမဲ့ လုပ်ဆောင် နေတာမဟုတ်ပါဘူး။ ငါတို့ကိုတော်လှန်ရင် ၊ တော်လှန်ရေးကို အားပေးအားမြှောက်ပြုရင် ဒီလိုကြုံ တွေ့ရမယ်ဆိုတဲ့ လူထုကို အကြောက်တရားနဲ့ ငြိမ်ဝပ်ပိပြားနေစေချင်တာဖြစ်ပါတယ်၊ ပြည်သူတွေ သူတို့ကို ကြောက်ပြီး ပြန်မတွန်းလှန်ပဲ သူတို့ကို ဆက်ပြီးကြောက်ရွှံ့နေစေချင်တဲ့အတွက်ကြောင့် သာ အခုလို လူမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ အကြိမ်ပေါင်းများစွာ ကျူးလွန်နေတာဖြစ်ပါတယ်” ဟု တော်ဝင် လျှပ်စီးစစ်ကြောင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် အီဗယ်က ရန်ကုန်ခေတ် သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အကြောက်တရားဖြင့် စိုးမိုး အုပ် ချုပ် ခြင်းကို လက်မခံဘဲ လွတ်မြောက်ရေးအတွက်ပူးပေါင်းတိုက်ပွဲဝင်ကြရန်နှင့် အကြမ်းဖက်စစ်ကောင်စီ လက်အောက် မလွှဲမရှောင်သာနေထိုင်ကြရသူများအနေဖြင့် ဂရုစိုက် နေထိုင်ပေးကြ ပါရန် တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article