29.1 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မတ် ၁ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ခိုင်းတဲ့ကြားကနေ ရန်ကုန်-မန္တလေး အမြန်လမ်း ဟောင်း နဲ့ ရထားလမ်း ရဲကင်းစခန်း ၇ ခု အတိုက်ခံရလို့ဆိုပြီး စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဆိုသူဟာ စစ်ရုံးက သတိပေး ပြောဆိုတာကို ခံနေရတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

မကွေးတိုင်းက ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသအတွင်း စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်ကဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်သား ၁၀ ဝန်းကျင်ကတော့ အသီးသီး သေကုန်ကြ တဲ့အပြင်၊ နောက်ထပ် စစ်သား ၉ ဦးကိုပါ လက်နက်တွေနဲ့အတူ အရှင်ဖမ်းဆီးရမိ ထားပြန်တယ်လို့ Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သား သစ်တွေ အ ကြီးအကျယ် လိုက်စုနေတဲ့ အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးထွန်းမြင့်နဲ့ သားဖြစ်သူ ဝင်းမင်းထွန်း ဆိုသူတို့ ၂ ဦး နေအိမ်ထဲမှာပဲ ပစ်ခတ်ခံရပြီး ၂ ဦးစလုံးပွဲချင်းပြီးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article