29 C
Yangon

ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတပ်ကြပ် ၁ ဦး လက်နက်ခဲယမ်းများ အပါ အဝင် ဆိုင်ကယ် ၁ စီးပါ ယူဆောင်လာပြီး အလင်းဝင်ရောက်လာကြောင်း မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းက သတင်းထုတ်ပြန်သည်။

ယမန်နေ့ မတ်လ ၂ ရက်နေ့တွင် ဆိပ်ဖြူမြို့နယ်၊ ကန်ဇွန်းမ ၊ အမှတ် ၂၀၃၆ လေကြောင်းရန် ကာကွယ်ရေးတပ်မှ စစ်ကောင်စီ တပ်သား ဒုတပ်ကြပ်တစ်ဦးသည် အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသော ဒုတပ်ကြပ်သည် MA-1 သေနတ် ၁ လက် ၊ ၅.၅၆ ကျည် ၂၇၅ တောင့် ၊ ၉မမ ကျည် ၁၄၄ တောင့်၊ ကျည်ဘောက် ၂ ခု နှင့် ဆိုင်ကယ် ၁ စီးယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့သို့ အလင်းဝင်လာသော ဒုတပ်ကြပ် ယူဆောင်လာသည့် လက်နက်ခဲယမ်းများ အပေါ်မူတည်ပြီး ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ထားကြောင်း သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ၊ ပြည်သူ့စစ်များ ၊ ပျူစောထီးတပ်ဖွဲ့ဝင်များ ၊ စစ်မှုထမ်း ဥပဒေဖြင့် အတင်းအဓမ္မ စုဆောင်းခံရသူများ အပါအဝင် စစ်တပ် အလိုကျ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြသူများအနေဖြင့် ပြည်သူ့မျက်နှာ ပြည်သူ့နှလုံးသားကို ရှေးရှု၍ ပြည်သူ့အလိုကျ ပြည်သူ့ဘက်ကို အမြန်ဆုံးရပ်တည်ပြီး ပြည်သူ့ရင်ခွင်ကိုခိုလှုံရန် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း က တိုက်တွန်းထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article