29 C
Yangon

မြိုင်တွင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့သော ကျောက်ခွက်ရေနံမှော်အနီးသို့ စစ်တပ်က လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၊ တောင်သာတွင်လည်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၃

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ပြည်သူ ၁၂ ဦးသေဆုံးခဲ့သော ကျောက်ခွက်ရေနံမှော်အနီးကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်အစောပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၃ ရက်နေ့ နံနက် အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ် အစပ်ရှိ ကျောက်ခွက်ရေနံမှော်အနီးကို လေယာဉ်ဖြင့် ၄ ကြိမ်ထပ်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

နွေဦးတော်လှန်ရေး – မြိုင်မြို့ ၏ သတင်းဖော်ပြချက်အရ ယနေ့ နံနက် ၁ နာရီမှ ၂ နာရီအချိန် ပခုက္ကူခရိုင် ၊ မြိုင်မြိုနယ် ၊ ဆိတ်ချေးရွာ အနီး Y-12ဖြင့် လေ ကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ ဂျုတ်ကုန်းရွာအနီး Y-12ဖြင့် လေကြောင်းတိုက် ခိုက်မှု တစ်ကြိမ်၊ ဘောင့်ဘင်ရွာတွင် Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင် ၌ Y-12 ဖြင့် လေကြောင်းတိုက် ခိုက်မှု တစ်ကြိမ်၊ ဆူးဝင်းရွာ အနီး jet fighter နှင့် လေကြောင်းတိုက်ခိုက်မှု တစ် ကြိမ်၊ တောရွာ အနီး လယ်ကွင်းပြင်၌ Y-12 ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၁ နာရီ ၁၅ မိနစ်အချိန် ပခုက္ကူခရိုင် ၊ ပေါက်မြိုနယ်၊ လက် ပံ တိုရွာ အနီး jet fighterဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်၊ သရက်ကန်ရွာ အနီး တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ် မြိုင်နှင့်ပေါက်မြို့နယ်အတွင်းတွင် စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် လုပ် ဆောင်ခဲ့ကြောင်း၊ ပြည်သူများ သေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှုများရှိနေကြောင်း သိရှိရသည်။

“မြိုင်နဲ့ ပေါက်မြို့နယ် အစပ်က ကျောက်ခွက် ရေနံမှော် အနီးတဝိုက်ကို လေကြောင်းနဲ့ ထပ်ပြီး ဗုံးကျဲ တိုက်ခိုက်သွားတယ်။ ဒီနေ့နံနက် အစောပိုင်း ၁၂ နာရီ ၄၅ မိနစ်လောက်ကစပြီး ကျဲနေတာ ၄ ကြိမ်ထက်မနည်းကို ကျဲချသွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကလည်း မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသရှိ ဆုံကုန်းရွာ ဘုန်းကြီးကျောင်း၌ ကျင်းပနေသည့် မင်္ဂလာဆောင်ကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ ကြိမ် ကျဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် ပြည်သူ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဆည်ကုန်း(မ)ကျေးရွာထိပ် လမ်းဆုံနတ်စင်အနီးသို့ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဆည်ကုန်း(မ)ကျေးရွာထိပ် လမ်းဆုံနတ်စင်အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချ၍ ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် လေယာဉ်သံကြားပါက နီးစပ်ရာ ဗုံးခိုကျင်းအတွင်း ခိုလှုံကြရန်နှင့် အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် သာရေး၊ နာရေး အစရှိသည့် လူမှုကိစ္စများတွင် လူစုလူဝေးပြုလုပ်ခြင်းများ သတိထား ပြုရှောင်ရှားကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက နှိုးဆော်ထားသည်။

ဓာတ်ပုံ – ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသရှိ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချစဉ် ပြည်သူများ သေဆုံးခဲ့သည့်မြင်ကွင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသရှိ ဆုံကုန်းရွာ ဘုန်းကြီးကျောင်းမှ မင်္ဂလာဆောင်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချစဉ် ပြည်သူများ သေဆုံးခဲ့သည့်မြင်ကွင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article