27.3 C
Yangon

ထိုင်းနိုင်ငံ၊ စမွတ်စခွန်တွင် တိုင်ကြားမှုများကြောင့် စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီး

Must read

ရန်ကုန်၊ မတ် ၃

ထိုင်းနိုင်ငံ၊ စမွတ်စခွန်တွင် စျေးရောင်းနေသည့် မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယနေ့ နံနက်ပိုင်း ထိုင်းနိုင်ငံ၊ စမွတ်စခွန်တွင် တရားမဝင် ကုန်ပစ္စည်းရောင်းချမှုဖြင့် မြန်မာနိုင်ငံသား ခုနစ်ဦး ဖမ်းဆီးလိုက်ကြောင်း၊ ထိုင်းဈေးသည်များနှင့် ယှဉ်ပြိုင်နေသည်ဆိုသော တိုင်ကြားချက်များကြောင့် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စျေးရောင်းချသည့် အလုပ်မှာ ထိုင်းနိုင်ငံသားများအတွက် သီးသန့်ထားရှိအလုပ်အကိုင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၇ ဦးကို ထိုင်းဥပဒေချိုးဖောက်မှု၊ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

စျေးရောင်းခြင်းသည် ထိုင်းလူမျိုးများအတွက် သီးသန့် အလုပ်အကိုင်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံမှ ဈေး သည်အများအပြားက ထိုင်းစျေးသည်များနှင့် အပြိုင်အဆိုင် စျေးနှုန်းချိုသာစွာဖြင့် ကုန်ပစ္စည်းများကို ရောင်းချနေကြကြောင်း၊ မြန်မာနိုင်ငံသား ၇ ဦးက ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ဆိုင်ဖွင့် စျေးရောင်းနေကြခြင်းဖြစ်ပြီး ငါးအရောင်းဆိုင်၊ ငါးခြောက်ဆိုင်၊ မြန်မာ့ဟင်းလျာရောင်းချသည့် ဆိုင်နှစ်ဆိုင်၊ ကွမ်းယာဆိုင်နှင့် မိုဘိုင်းလ်ဖုန်းဆိုင်များ ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article