29 C
Yangon

လက်နက်စကြာရှင် ရုရှားဘုရင် ပူတင်နှင့် မြန်မာဘုရင်ဖြစ်သော သူကိုယ်တိုင် တွေ့ဆုံရမှုမှာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်လတ္တံ့ ဆိုသော စကားကြောင့်ဖြစ်ပြီး ဦးအောင်ဇေယျအတ္တုပတ္တိ စာအုပ်ကို မင်းအောင်လှိုင်က ပူတင်ကို ပေး

Must read

ရန်ကုန်၊ မတ် ၅

လက်နက်စကြာရှင် ရုရှားဘုရင် ပူတင်နှင့် မြန်မာဘုရင်ဖြစ်သော သူကိုယ်တိုင် တွေ့ဆုံရမှုမှာ မြတ်စွာဘုရားရှင်၏ ဗျာဒိတ်တော်လာ မဟာမိတ်ဖြစ်လတ္တံ့ ဟူသော ဗျာဒိတ်စကားကြောင့်ဟုဆိုကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရုရှား ခေါင်းဆောင်ပူတင်ကို ဦးအောင်ဇေယျအတ္တုပတ္တိစာအုပ်ကိုပေး အပ်လိုက်ကြောင်း သိရှိရသည်။

ယမန်နေ့ မတ်လ ၄ ရက်နေ့ မင်းအောင်လှိုင်က ပူတင်ကို ကရင်မလင်နန်းတော်တွင် တွေ့ဆုံစဉ် မင်းအောင်လှိုင်က ဝမ်းသာအားရဖြင့် ထိုသို့ ပြောဆိုပြီး ၁၈၃၈ ခုနှစ်တွင် ထုတ်ဝေခဲ့သော မဟာဘိ သက္က ပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော ရေးသားသော ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်ကို ပူတင်ထံသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

မဟာဘိ သက္က ပဏ္ဍိတဘွဲ့ခံ၊ ပါဠိဆရာကြီး ဦးစော ရေးသားသော ဦးအောင်ဇေယျ အတ္တုပတ္တိစာအုပ်တွင် မြတ်စွာဘုရားက “ငါဘုရားသာသနာတော် အနှစ် ၂၀၀၀ ကျော်သောအခါ ပါပမင်းတို့လက်ထက် သိုးဆောင်း ၁၂ မျိုးတို့တွင် ရုရှားလူမျိုးဖြစ်လတ္တံ့။ ထိုရုရှားလူမျိုးမင်းသည် လက်နက်စကြာအမျိုးမျိုးကိုတတ်မြောက်၍ လက်နက် စကြာရှင်ဖြစ်လတ္တံ့။ ထိုလက်နက်ရှင်ဖြစ်သော ရုရှားမင်းသည် အပရန္တတိုင်းကြီးရှင် မြန်မာဘုရင်တို့နှင့် ချစ်ကြည်သော မဟာမိတ်ဖြစ်လတ္တံ့ဟူ၍ ဗျာဒိတ်စကား မြွတ်ကြားတော်မူခဲ့ကြောင်း” မင်းအောင်လှိုင်က ပြောဆိုသည်။

ယခုအခါ မြတ်စွာ ဘုရားရှင်၏ သာသနာတော်သည် သာသနာနှစ် ၂၅၀၀ ကျော်လာပြီဖြစ်ကြောင်း ရုရှားခေါင်း ဆောင် ဗလာဒီမာပူတင်သည် နှစ်ပေါင်း ၂၀ ကျော်ကြာ အုပ်ချုပ်နေသော ရုရှားနိုင်ငံ့ခေါင်းဆောင် ဘုရင်ဖြစ် ကြောင်း၊ ရုရှားမှာ လက်နက်အရာတွင် ထိပ်တန်းရောက်နေပြီဖြစ်ကြောင်း၊ မြတ်စွာ ဘုရားရှင်၏ ဗျာဒိတ်တော်စကားမှာ မှန်ကန်နေပြီဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

“မြတ်စွာဘုရားရှင်ရဲ့ ဗျာဒိတ်က ထူးထူးခြားခြား တိုက်ဆိုင်နေတာ အံ့ဩဖွယ် မှန်ကန်နေတယ်။ ကျနော့်ကို ကျနော့်ဆီက ရှေးလူကြီးတစ်ဦးပြလို့ အဲဒါလေးပြလို့ ကျနော်သိတာဖြစ်ပါတယ်။” ဟု မင်းအောင်လှိုင်က ဦးအောင်ဇေယျ၏ အတ္တုပတ္တိကို ပူတင်၏ လက်ထဲသို့ ပေးအပ်ရင်းဖြင့် အလွန်ဝမ်းသာအားရ ပြောဆိုသည်။

ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးပြီး ယုံကြည်ရသော နိုင်ငံဖြစ်ကြောင်း၊ ရုရှား၏ ကမ္ဘာကြီး ငြိမ်းချမ်းရေး ဆောင်ရွက်ချက်မှန်သမျှကို အစဉ်တစိုက် အပြည့်အ၀ထောက်ခံကြောင်း မင်းအောင်လှိုင်က ဆိုသည်။

ပူတင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားအတွက် အသေးစားနူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေး အကူအညီပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခြေအနေများတွင် စစ်ကောင်စီကို ထောက်ခံကြောင်း၊ ရုရှားနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် မြှင့်တင်မည်ဖြစ်ကြောင်းပြောဆိုခဲ့သည်။

ဓာတ်ပုံ – မင်းအောင်လှိုင်က ပူတင်ကို ဦးအောင်ဇေယျအတ္တုပတ္တိစာအုပ် ပေးအပ်နေစဉ်နှင့် အလွန်ပြုံးပျော် ဖက်နေသော မင်းအောင်လှိုင်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article