34 C
Yangon

စစ်ကိုင်း တံတားတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ခလရ ၂၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ မတ် ၇

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသော စစ်ကိုင်းတံတားတွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသော ခလရ ၂၅၈ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်မှုထမ်း တပ်သားသစ် ကိုရဲရင့်အောင်သည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စစ်ကိုင်းတံတားပေါ်တွင် အကြမ်းဖက် စစ်တပ်၏ အတင်း အဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီးနောက် စစ်မှုထမ်း တပ်သားသစ် အဖြစ်စုဆောင်းခံရပြီး ခလရ ၂၅၈ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့ ည ၉ နာရီခန့်တွင် စစ်မှုထမ်း တပ်သားသစ် အသက် ၂၃ နှစ်အရွယ် ကိုရဲရင့်အောင်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ရေစကြိုမြို့နယ် (ပကဖ) ထံ ဆက်သွယ်၍ MA1 တစ်လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ကျနော်တို့ ပြည်သူ့ရင်ခွင်ကို ခိုလှုံကြမယ့် စစ်ကောင်စီ တပ်သားများအနေနဲ့ ယုံကြည်စွာဆက်သွယ်ပေးကြဖို့နဲ့ စစ်ကောင်စီ လက်အောင်မှာလည်း ဆက်လက်ပြီးတာဝန်မထမ်းဆောင်ကြဖို့ ရုန်းထွက်ကြဖို့ ပြောချင်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်ကောင်စစ်တပ်သားများအနေဖြင့်လည်း ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်လိုပါက ဖုန်းနံပါတ်- 09988895428 ကို ယုံကြည်စွာ ဆက်သွယ်နိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article