32 C
Yangon

ထားဝယ်စီမံကိန်းအတွက် ရုရှားနှင့်စစ်ကောင်စီတို့ ပူးပေါင်းမှု အရပ်ဘက်အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများက ပြင်းပြင်းထန်ထန် ရှုတ်ချ

Must read

ထားဝယ်စီမံကိန်းအတွက် ရုရှားနှင့်စစ်ကောင်စီတို့ ပူးပေါင်းမှု အရပ်ဘက်အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများက ပြင်းပြင်းထန်ထန် ရှုတ်ချ

ရန်ကုန်၊ မတ် ၁၀

တနင်္သာရီတိုင်း၊ ထားဝယ်စီမံကိန်းအတွက် ရုရှားအစိုးရ နှင့် အကြမ်းဖက် စစ်ကောင်စီတို့ ပူးပေါင်းမှု အရပ်ဘက်အဖွဲ့များနှင့် နိုင်ငံရေးအင်အားစုများက ယနေ့ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြသည်။

ထားဝယ်စီမံကိန်းအတွက် ရုရှားအစိုးရနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ပူးပေါင်းခြင်းကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ရှုတ်ချသည့် အဖွဲ့များတွင် အရပ်ဘက်အဖွဲ့ များ ခုနှင့် နိုင်ငံရေးအင်အားစုများ အပါအဝင် စုစုပေါင်း အဖွဲ့အစည်း ၁၁ ခု ပါဝင်ကြောင်း အရပ်ဘက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ကျောက် မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ၊ အခြားသော ညစ်ညမ်းစက်ရုံများစွာပါဝင်သည် စက်မှုဇုန်စီမံကိန်းများ ပါဝင်နေပြီး အဆိုပါ စီမံကိန်းသည် ခေတ်အဆက်ဆက် အစိုးရလက်ထက်တွင် ဌာနေတိုင်းရင်းသားများ၊ လူမျိုးစုများ၏ အခွင့်အရေးများ ချိုးဖောက်ခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းစေခြင်းနှင့် တရားမျှတသော လျော်ကြေးပေးဆောင်မှု မရှိခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ များစွာ လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိအချိန်အထိ ထိခိုက်နစ်နာမှုများကို ဖြေရှင်းဆောင်ရွက်ခြင်း မရှိကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် စစ်တပ်နှင့် စီမံကိန်းများ ပူးပေါင်းလုပ်ဆောင်ခြင်းကို ပြင်းထန်စွာ ရှုတ်ချခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု မရှိသည့် လက်ရှိကာလတွင် အကြမ်းဖက်စစ်တပ်၏ ဖိနှိပ် ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် အထွေထွေ လူမှုစီးပွား အကျပ်အတည်း ခါးစည်းခံနေရသည့် ပြည်သူများကို အတင်းအကျပ် နေရပ်ရွှေ့ပြောင်းမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများသာ ပိုမိုတိုးမြင့်လာစေနိုင်သည့် စီမံကိန်းကို လုံးဝ လက်မခံကြောင်း တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက ကြေညာသည်။

ယင်း စီမံကိန်းတွင် ပါဝင်သည့် စက်ရုံများသည်လည်း ထားဝယ်ဒေသ၏ ပထဝီအနေအထား ရေမြေ၊ တောတောင်နှင့် လူမှုပတ်ဝန်းကျင် သဟဇာတဖြစ်မှုနှင့် သွေဖယ်နေ၍ ညစ်ညမ်းသော စီမံကိန်းများ ထားဝယ်ဒေသတွင် တည်ဆောက်ရန် လုံးဝ မသင့်တော်ကြောင်း၊ ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးကို ထားဝယ်သူ ထားဝယ်သားများ ကိုယ်တိုင် ဆုံးဖြတ်ရမည်ဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီနည်းကျ ဒီမိုကရေစီ စံနှုန်းများနှင့် အညီ ထားဝယ်သူ ထား ဝယ်သားများ ကိုယ်တိုင် တင်မြှောက်ထားသော အစိုးရသာလျှင် ထားဝယ်ဒေသ၏ ဖွံ့ဖြိုးရေးစီမံကိန်းများကို ဆုံးဖြတ်ပိုင်ခွင့်ရှိရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။

ထို့ပြင် တရားမဝင် အာဏာသိမ်းရန် ကြိုးပမ်းသည့် အကြမ်းဖက်စစ်ကောင်စီနှင့်စီမံကိန်းများ လုပ်ဆောင်ခြင်းသည် တရားမဝင်သည့်အပြင် ဒေသပြည်သူများ၏ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုဆိုင်ရာနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများ မလွဲဧကန် ခြိမ်းခြောက်လာမည်ဖြစ်ကြောင်း တနင်္သာရီဒေသ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးအင်အားစုများက ထောက်ပြ ပြောဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရုရှားက ပါဝင် ရင်းနှီးမြှုပ်နှံမှုပြုရန် အကောင်အထည်ဖော်ရန်အကြမ်း ဖက်စစ်ကောင်စီဝန်ကြီး ဒေါက်တာကံဇော်နှင့် ရုရှားနိုင်ငံ ဝန်ကြီးတို့ အကြား ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင်လက် မှတ်ရေးထိုးခဲ့ပြီး မင်းအောင်လှိုင်၏ မတ်လ ၃ ရက်နေ့မှ မတ်လ ၉ ရက်နေ့အထိ ရုရှားခရီးစဉ်တွင်လည်း ယင်းစီမံကိန်းအရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article