29 C
Yangon

မိုးညိုမြို့နယ်၊ လေးအိမ်တန်းကျေးရွာမှ ကိုရဲလင်းကို ညအိပ်နေချိန် ခြင်ထောင်ထဲမှ ဆွဲထုတ်၍ စစ်မှုထမ်းခိုင်းရန် ဖမ်းဆီး

Must read

🟥 နတ်တလင်း၊ မကွေးနှင့်ဓနုဖြူတို့တွင် စစ်မှုထမ်း ဆင့်ခေါ်စာမပေးတော့ဘဲ လူငယ်များကို အိမ်တိုင်ရာရောက် လိုက်လံ ဖမ်းဆီး၍ စစ်သင်တန်းကျောင်းပို့နေ

ရန်ကုန်၊ မတ် ၁၄

ပဲခူးတိုင်းအတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွာထဲ၌ တပ်စွဲပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မိုးညိုမြို့နယ်၊ လေးအိမ်တန်ရွာမှ ကိုရဲလင်းကို အုပ်ချုပ်ရေမှူး ခင်မြတ်မွန်နှင့် ရာအိမ်မှူး သန်းငွေ နှင့် သန်းဇော် တို့က် စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်လာ၍ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ခင်မြတ်မွန်နေအိမ်တွင်လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများက တပ်စွဲထားပြီး အနီးအနားရှိ ကျေးရွာများမှ လူငယ်များကိုလည်း လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဆုံကုန်းရွာ ၊ သံပုရာခုံရွာ ၊ ပြည့်စင်ကုန်းရွာ ၊ လေးအိမ်တန်းရွာ နှင့် တာလေးရာရွာမှ လူငယ်များ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် အတွင်းရှိ ကုလားတက်ထွန်းရွာ အုပ်ချုပ်ရေးမှူး ကျော်နိုင်၊ ရွှေကြာပင်၊ အောင်ပင်သာရွာမှ အုပ်ချုပ်ရေးမှူး လှ၀င်း ၊ သိန်းထွန်း၊ ဘိုမြင့် နှင့် မကျီးစုရွာမှ အုပ်ချုပ်ရေးမှူး သူရ တို့သည် ကျေးရွာများအတွင်း စစ်မှုထမ်းကြေးများ အတင်းအဓမ္မ ကောက်ခံနေပြီး ငွေကြေး မပေးနိုင်သော လူငယ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ခေါ်ဆောင်၍ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ မကွေးမြို့နယ်တွင်လည်း လက်နက်ကိုင် တပ်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မိုးဇော် နှင့် အင်းနက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လတ် တို့ပူးပေါင်း၍ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ငွေကျပ် ၁ သိန်း ၇ သောင်း လိုက်လံ ကောက်ခံနေကြောင်း၊ ၎င်းတို့ တောင်းခံသည့် ငွေကြေးမပေးနိုင်သော လူငယ်များကိုလည်း စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“တပ်ကုန်းရွာ အုပ်ချုပ်ရေးမှူး မိုးဇော်က စစ်တပ်က လက်နက် ပေးထားတော့ လက်နက်အားကိုးနဲ့ လုပ်နေတာ အင်းနက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လတ် ကလည်း စစ်တပ်က လက်နက်ပေးထားတာပါ။ လက်နက်ကိုင်ထားတော့ ဘယ်သူမှ ဂရုစိုက်ဘူးဆိုပြီး သူတို့ စိတ်ကြိုက် ပြည်သူတွေဆီက ငွေကြေး အတင်းအဓမ္မ လိုက်တောင်းနေတာ ငွေကြေးမပေးရလည်း စစ်ခွေးတွေ ခေါ်လာပြီး ပေါ်တာဆွဲ ဖမ်းဆီးခိုင်းနေပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

မတ်လ ၁၁ ရက်နေ့က တပ်ကုန်းကျေးရွာ နှင့် အင်းနက်ကျေးရွာမှ စစ်မှုထမ်းကြေး မပေးသည့် လူငယ်များကို စစ်တပ်ခေါ်၍ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးခိုင်းခြင်းကြောင့် လူငယ်များ အားလုံး ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

ထို့အတူ မကွေးတိုင်း၊ မကွေးမြို့နယ် သစ်ရာကောက်ရွာနှင့် မြင်ကွန်းတိုက်နယ်တို့တွင် နယ်မြေရဲစခန်းမှ စစ်ကောင်စီ တပ်သားများက လမ်းသွားလမ်းလာလူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၁၂၀ ဖြင့် ပြန်ရွေးခိုင်းကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ ၁၄ ရပ်ကွက်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များက လူငယ်များကို စစ်မှုထမ်း ဆင့်ခေါ်စားများ ပို့ဆောင်ခြင်းမရှိဘဲ ၎င်းတို့ စိတ်ကြိုက် လူငယ်များကို စစ်မှုထမ်းရန် နေအိမ်များထိ လိုက်လံ ခေါ်ဆောင်နေကြောင်း သိရသည်။

“ဓနုဖြူ ၁၄ ရပ်ကွက် မှာ စစ်ခွေးခန့် အုပ်ချုပ်ရေးမှူး အောက်ဆွဲ ရာအိမ်မှူးတွေ ဆယ်အိမ်မှူးတွေ ပူးပေါင်းပြီး လူငယ်တွေကို ဆင့်ခေါ်စာမပို့ဘဲ သူတို့ စိတ်ကြိုက် စစ်မူထမ်းဖို့ လိုက်လံခေါ်ဆောင်နေပါတယ်။ ပိုက်ဆံရှိတဲ့ သူတွေကို သိန်း ၁၀၀ တောင်းပါတယ်။ ပိုက်ဆံပေးရန် ပြန်လွှတ်မယ်ဆိုပြီး ပြောတယ်။ ငွေကြေးမတတ်နိုင်တဲ့ သူတွေကတော့ သူတို့ စိတ်ကြိုက်ကို နေအိမ်တွေထိ သွားပြီး လိုက်ခေါ်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နှစ် မေလမှစတင်၍ စစ်မှုထမ်းအပတ်စဉ် ၁ သင်တန်း စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စစ်မှုထမ်းအပတ်စဉ် ၁၁ ကိုဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ – မိုးညိုမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများအတွက် အဓိကတာဝန်ရှိသူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုးနှင့် ခေတ္တဥက္ကဋ္ဌ ဖြိုးဝေလင်းတို့ အဖွဲ့။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုးညိုမြို့နယ်တွင် ပေါ်တာဆွဲ ဖမ်းဆီးမှုများအတွက် အဓိကတာဝန်ရှိသူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းသန်းစိုးနှင့် ခေတ္တဥက္ကဋ္ဌ ဖြိုးဝေလင်းတို့ အဖွဲ့။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article