29 C
Yangon

ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

Must read

ကော့ကရိတ်တွင် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံး

ရန်ကုန်၊ မတ် ၁၅

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းနှင့် စစ်ကြောင်းမှူး ဗိုလ်တောက်တို့ ပစ်ခတ်ခံရပြီး ၂ ဦးလုံး သေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းသည် ကော့ကရိတ်မြို့နယ်၊ ပေါ်ကြူကုန်းရွာမှ ကော့ဘိန်းရွာသို့ ကားဖြင့် အသွားတွင် အမည်မသိ သေနတ်သမားများက ဘုရားကြီး ဇီးဖြူကုန်း ရပ်ကွက်အနီးတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ကော့ဒုံရွာ လောင်းကစားကွင်း အဟောင်းအနီးတွင် မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ MMFD မှ စစ်ကြောင်းမှူး ဗိုလ်တောက်ကို အမည်မသိ သေနတ်သမားများက ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့က အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ နိုင်အောင်ချမ်းနဲ့ စစ်ကြောင်းမှူး ဗိုလ်တောက် တို့ ၂ ဦးလုံး တစ်နေ့တည်း ပစ်ခတ်ခံရတာ သူတို့ ၂ ဦးလုံး ဦးခေါင်းကို သေနတ်ကျည် ထိမှန်ပြီး ပွဲချင်းပြီး သေဆုံးတယ်” ဟု ဒေသတွင်း သတင်းရင်းက ပြောဆိုသည်။

သေဆုံးသွားသော စစ်တပ် လက်အောက်ခံ မွန်ပြည်ငြိမ်းချမ်းရေးအဖွဲ့ ကော့တုံဌာနချုပ်မှ ဗိုလ်မှူးချုပ် နိုင်အောက်ချမ်းသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်၊ ကရင်ပြည်နယ် ဘားအံမြို့နယ် နှင့် ကော့ကရိတ်မြို့နယ် တို့တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချခြင်းနှင့် လောင်းကစားဝိုင်းများကို လုပ်ခိုင်ခွင့် ရရှိထားသူဖြစ်ပြီး စစ်တပ်နှင့် ပူးပေါင်းကာ စစ်ရေးလုပ်ဆောင်ခြင်းများကို လမ်းညွှန်ပေးနေသူဖြစ်ကြောင်း၊ ထို့ပြင် တော်လှန်ရေး ပူးပေါင်းတပ်များ၏ လှုပ်ရှားနေသည်ဟု ယူဆသော ကျေးရွာများကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ရန် စေခိုင်း ညွှန်ကြားသူလည်း ဖြစ်ပြီး ပြည်သူပိုင်လယ်ယာမြေများကိုလည်း အတင်း အဓမ္မ သိမ်းဆည်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article