ကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေး လူထုလှုပ်ရှားမှုပြုလုပ်
ကလေးမြို့နယ်တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ပြည်သူ့ပညာရေးသပိတ်စစ်ကြောင်းနှင့်အတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်း၏ပုဒ်မ ၃၃ အရ အကြမ်းဖက်စစ်ကောင်စီကို ချက်ချင်းအရေးယူနိုင်ရေးအတွက် လူထုလှုပ်ရှားမှု၊ “ILO implement Article 33 On Myanmar Now 2025 ” တောင်းဆိုမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။


