28 C
Yangon

လေးမျက်နှာမြို့နယ်တွင် စစ်တပ်က စစ်ဘေးရှောင် ရခိုင်လူမျိုးများကို AA နှင့် ပတ်သက်သည်ဟုဆိုကာ လိုက်လံ ဖမ်းဆီးနေ

Must read

ရန်ကုန်၊ မတ် ၁၇

ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ဘေးရှောင် ရခိုင်လူမျိုးများကို AA နှင့် ပတ်သက်သည်ဟုဆိုကာ လိုက်လံ ဖမ်းဆီးနေကြောင် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် လေးမျက်နှာမြို့နယ် အတွင်းရှိ ကွင်းကြီးကျေးရွာအုပ်စု ကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီး စစ်ဘေးရှောင် ရခိုင် လူမျိုးများကို AA နှင့် ပတ်သက်သည်ဟုဆိုကာ လိုက်လံ ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အောင်ဇံကွင်းကျေးရွာမှ စစ်ဘေးရှောင် ရခိုင်လူမျိုး လူငယ် ၁ ဦး နှင့် ဇီးပင်ကွင်းကျေးရွာမှ ဦးအောင်ဝင်းဆိုသူကို AA နှင့် ပတ်သက်သည်ဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးသွားသော ရခိုင်လူမျိုး စစ်ဘေးရှောင် ၂ ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးဘဲ မိသားစုဝင်များနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကွင်းကြီးကျေးရွာအုပ်စုအတွင်း ရွာများကို အချိန်ကြာမြင့်စွာ ဝင်ရောက် ရှာဖွေမှုများလည်း လုပ်ဆောင်သွားကြောင်း သိရှိရသည်။

“လေးမျက်နှာမြို့နယ် ကွင်းကြီးအုပ်စုက ရွာတွေကို စစ်ခွေးတွေက ဝင်စီးပြီး ရခိုင်ပြည်နယ်ဘက်က စစ်ရှောင်တွေကို AA နဲ့ ပတ်သက်တယ်ဆိုပြီး လိုက်ဖမ်းတာလို့ သိရတယ်။ ၂ ဦးဖမ်းဆီးခံရတယ်။ ထပ်မံဖမ်းဆီးခံရတဲ့သူတွေ ရှိမရှိဆိုတာတော့ မသိရသေးဘူး။ ၂ ဦးပဲအတည်ပြုနိုင်တယ်။ ရွာတွေထဲကိုလည်း စစ်ခွေးတွေက တပ်ဖြန့်ပြီး ရှာဖွေတာတွေ လုပ်သွားတယ်လို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အောင်ဇံကွင်းကျေးရွာမှ ပျူစောထီး သင်တန်းတက်ရောက်ထားသော ဝင်းစိုးဦး နှင့် ဇော်ထွန်းလတ် ဆိုသူတို့သည်လည်း အကြမ်းဖက် စစ်တပ်က ပေးထားသော နံပါတ်တုတ်များ ကိုင်ဆောင်၍ နေအိမ်တချို့ကို ဝင်ရောက် ရှာဖွေခြင်းများ လုပ်ဆောင်ပြီး AA နှင့် ပတ်သက်ဆက်နွယ်ခြင်းမပြုလုပ်ရန် ခြိမ်းခြောက် ပြောဆိုခြင်းများလည်း လုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ – ယမန်နှစ် ရခိုင်စစ်ဘေးရှောင်ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ယမန်နှစ် ရခိုင်စစ်ဘေးရှောင်ပြည်သူများ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article