37 C
Yangon

ချောင်းဦးနှင့် ရေဦးမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ နတ်ရေကန် အကြမ်းဖက် စစ်တပ် ဂိတ်မှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို People’s Defense Force – South Monywa တပ်ဖွဲ့မှ တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၄ လုံး တစ်ပွိုင့်၊ ၂ လုံးတစ်ပွိုင့်တို့ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အတူ မတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင်လည်း မုံရွာမြို့ထဲမှ ထွက်လာသော သံပြားကာ စစ်ကား ၇ စီးကို နတ်ရေကန်နှင့် ရေပိုးစား အကြား၌ တော်လှန်ရေး ရဲဘော်များက ပဒေသာမိုင်း ၂ လုံးတစ်ပွိုင့်တို့ဖြင့် ထပ်မံ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်း ထုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ စစ်ခွေး ကင်းပုန်းနဲ့ ဂွေးပင်တောဂိတ်က စစ်ခွေးတွေက လက်နက်ကြီး ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘောတွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင်လည်း ကင်းလှည့်ရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါသော ကား ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၁၅ ရက်နေ့ ည ၈ နာရီခန့်တွင် ရေဦးမြို့၊ ဗိုလ်အောင်ဇေယျရပ်ကွက် အတွင်း လှည့်ကင်းရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါသည့် ကား ၃ စီးကို ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တော်လှန်ရေး ရဲဘော်များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၃ကောင်တော့ သေပြီး၊ ၆ ဦးကတော့ ဒဏ်ရာအပြင်းစားရပါတယ်၊ စစ်ခွေး အင်အား က ၃၀ပါ။ ကားလေး ၃စီး လာတာပါ။ ရှေ့က ၁ စီး က မောင်းပြေးသွားပြီး။ နောက်၂ စီး က မောင်းမရတော့ဘူးလို့ သိရပါတယ်။ ပြည်သူများ စခများနှင့် အဝေးဆုံးမှာ နေဖို့ အသိပေးချင်ပါတယ်။ စခတွေ အထိနာထားလို့ လက်နက်ကြီးတွေနဲ့ ရွာတွေဘက် ထုနေပါတယ်။ ရွာတွေဘက်ကို လက်နက်ကြီးနဲ့ ထုတာ ၄ ချက်ရှိပါပြီ။ အခု လက်နက်ကြီးထုတာ ၄ ချက်ရှိသွားပါပြီ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာမျိုးမရှိပါဘူး။ စစ်ခွေးအထိုင်ချ တပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံက နေပြီး လက်နက်ကြီးနဲ့ ထုတာပါ။ ရေဦးမြို့အနောက်ဘက်ခြမ်းကိုလက်နက်ကြီးနဲ့ ထုနေတာပါ”ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦးမြို့နယ် ပကဖ တာဝန်ခံကပြောဆိုသည်။

ယင်း တိုက်ခိုက်မှု အတွင်း ကား ၂ စီး ပျက်စီးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ – မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မိုင်းဆွဲခံထားရသော အကြမ်းဖက်စစ်တပ်၏ စစ်ကားတစ်စီး။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article