37 C
Yangon

အောင်လံတွင် စစ်မှုထမ်းခိုင်းရန် စစ်တပ်က လူငယ် ၄၈ ဦးကို ဖမ်းဆီး၊ ကံမမြို့နယ် ကပစ ၁၂ မှ ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင်က စစ်မှုထမ်းကြေးဟုဆိုကာ ကျေးရွာတစ်ရွာလျှင် ကျပ် သိန်း ၁၂၀ ခြိမ်းခြောက်တောင်းနေ

Must read

ရန်ကုန်၊ မတ် ၁၇

မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ ကျေးရွာများမှ လူငယ် ၄၈ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က အောင်လံမြို့နယ် အတွင်းရှိ ကျေးရွာများကို ဝင်ရောက် စီးနင်းပြီး လူငယ် ၄၈ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် လူငယ် ၆၀ ဦး တောင်းခံနေခြင်းကြောင့် စစ်မှုထမ်းဟောင်း အရာခံဗိုလ် ပျူစောထီး ခေါင်းဆောင်မြင့်လွင် ဦးဆောင်သော အဖွဲ့က ကျေးရွာများမှ အလုပ်သွားအလုပ်ပြန် လူငယ်များ အပါအဝင် လမ်းသွားလမ်းလာ လူငယ်များကိုပါ နေ့စဉ် ဖမ်းဆီးလျက်ရှိကြောင်း သိရှိရသည်။

“အောင်လံမြို့နယ်မှာ ယခုလ စစ်မှုထမ်း ၆၀ ပေးရမယ်ဆိုပြီး မတ်လ ၁ ရက်နေ့က စတင်ပြီး ကျေးရွာထဲက လူငယ်တွေကော လမ်းသွားလမ်းလာ လူငယ်တွေ အားလုံးကို စစ်မှုထမ်းဟောင်း ပျူစောထီး ခေါင်းဆောင်မြင့်လွင် ဦးဆောင်တဲ့ အဖွဲ့က တွေ့တဲ့ သူ လိုက်ဖမ်းနေတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထိုသို့ ပျူစောထီးများ လိုက်လံ ပေါ်တာဆွဲ ဖမ်းဆီးနေခြင်းကြောင့် ကျေးရွာများမှ လူငယ်များသည် အလုပ်မသွားရဲတော့ဘဲ ကျေးရွာများအတွင်းမှ ထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။

ထို့ပြင် မကွေးတိုင်း၊ ကံမမြို့တွင်လည်း ကပစ ၁၂ မှ ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင် က စစ်မှုထမ်းကြေးဟုဆိုကာ ကျေးရွာတစ်ရွာလျှင် တစ်လ ငွေကျပ် သိန်း ၁၂၀ တောင်းခံနေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင်သည် ကံမမြို့အတွင်းရှိ ကျေးရွာများမှ စစ်မှုထမ်းကြေးများ လစဉ် တောင်းခံနေပြီး ကျေးရွာများအတွင်း စစ်မှုထမ်းရန် မဲပေါက်သည့် လူငယ်များ စစ်မှုထမ်းလိုလျှင် ငွေကျပ် သိန်း ၁၂၀ ပေးဆောင်ရမည်ဟုဆိုကာ တောင်းခံနေကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင်က ၎င်း ငွေကြေးရယူထားသော ကျေးရွာများမှ လူငယ်များအစား ပြင်ပလူငယ်များကို လိုက်လံ ဖမ်းဆီး၍ စစ်ထဲသွင်းနေကြောင်း၊ ကံမမြို့ အနီး၌ စစ်ဆေးရေး ဂိတ်ဖွင့်ထား၍ ဖြတ်သန်းသွားလာသော လူငယ်များကိုလည်း ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရှိရသည်။

” ဗိုလ်ကြီး ထက်ငြိမ်းချမ်းလွင် ဦးစီးဆောင်တဲ့ စစ်ခွေးတွေက ကျေးရွာတွေမှာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တွေဆီကနေ ငွေကျပ်သိန်း ၁၂၀ တောင်းတယ်။ စစ်မှုမထမ်းရဘူးဆိုပြီး အတင်း အဓမ္မ ငွေ တောင်းတယ်။ စစ်မှုထမ်းကြေးကိုလည်း လစဉ်ဆက်ကြေးကောက်သလို ကောက်တယ်။ သူတို့ ဂိတ်စခန်းမှာလည်း လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး လူစားထိုးတယ်။ ငွေခြိမ်းခြောက်တောင်းတယ်။ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဆန့်ကျင်သော ပြည်သူတချို့ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

Photo- Agency။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို ဆန့်ကျင်သော ပြည်သူတချို့ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးနေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article