37 C
Yangon

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲမှု အသက် ၆ လသားအရွယ် ကလေးငယ်နှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၄ ဦး သေဆုံး

Must read

ရန်ကုန်၊ မတ် ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်မြောက်ရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံး ကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆ လသား ကလေးငယ်၊ အသက် ၈၀ ကျော်အဖိုး၊ အဖွား ၂ ဦးအပါအဝင် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဝက်လက်မြို့နယ် စဉ့် ကိုင်(မြောက်)ရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီး ဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၆ လသား ကလေးငယ်တစ်ဦး၊ အသက် ၈၅ နှစ် အ ရွယ်အဖွားတစ်ဦး၊ အသက် ၈၂ နှစ်အရွယ် အဘိုး တစ်ဦးနှင့်အသက် ၃၀ ကျော်အရွယ် အမျိုးသမီး တစ်ဦး တို့သေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စဉ့်ကိုင်ရွာက တောင်ဘက်ပိုင်းက စစ်ကိုင်းထဲပါတာ၊ မြောက်ဘက်ပိုင်းကတော့ ဝက်လက်နယ်ထဲပါ တယ်။ စစ်ပွဲလည်းမရှိဘူး။ အရပ်သားပြည်သူတွေနေတဲ့နေရာကို တမင်သက်သက် ကျဲချသွားတာပါ။ အသက် ၈၅ ဘွားတော်ရယ်၊ အသက် ၈၂ ဘိုးတော်ရယ်၊ အသက် ၃၀ ကျော်အမျိုးသမီးရယ်၊ ၆ လ သား ကလေးငယ်ရယ် သေတာ။ ဒဏ်ရာရတာ ၇ ယောက်ရှိတယ်။ နေအိမ်တွေလည်း ပျက်စီးတာရှိ ပေမယ့် အလုံးရေအတိအကျတော့ မသိရဘူး” ဟု ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article