35 C
Yangon

နိုင်ငံတစ်ဝန်း ဆုံးရှုံးထားသော မြို့များနှင့် နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူပေးနိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု အကြမ်းဖက် မင်းအောင်လှိုင်က မက်လုံးပေး

Must read

ရန်ကုန်၊ မတ် ၁၉

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီက ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် တိုက်ခိုက်ရယူနိုင်သည့် စစ်တပ်အရာရှိများနှင့် လက်အောက်ငယ်သားများကို ရာထူးတိုး၊ဘွဲ့တံဆိပ်နှင့် ထိုက်ထိုက်တန်တန် ဆုချမည်ဟု မင်းအောင်လှိုင်က မက်လုံးပေးလာကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံတွင် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန် အလွန်အရေး ကြီးနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့တာဝန်ကို တာဝန်ကျေပွန်စွာဖြင့် ရွပ်ရွပ်ချွံ့ချွံ့ ထမ်းဆောင်ရန် လိုအပ်ကြောင်း၊ ခေါင်းဆောင်ပိုင်းအနေဖြင့်လည်း မိမိ၏အသက်ကို ပဓာနမထားဘဲ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်သော စစ်သားများ၊ဆုံးရှုံးထားသော နယ်မြေများကို ပြန်လည် ရယူနိုင်သည်အထိတိုက်ခိုက်နိုင်သော စစ်သားများနှင့်အရာရှိများကို ရာထူးတိုး၊ ဘွဲ့တံဆိပ်နှင့် ဘ၀နောင်ရေး စိတ်အေးနိုင်သော ထိုက်ထိုက်တန်တန် ဆုများ ချီးမြှင့်ပေးအပ်မည်ဟု မက်လုံးပေးလာကြောင်း သိရှိရသည်။

“ဒီနှစ်အတွင်းမှာ မြို့တွေ၊ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူပေးနိုင်ရင် ရာထူးတိုးမယ်၊ ဘွဲ့တံဆိပ်တွေ လည်း ချီးမြှင့်မယ်။ နောက်ဆုံး ဘ၀နောင်ရေး စိတ်အေးနိုင်တဲ့အထိ ထိုက်ထိုက်တန်တန် ဆုချမယ် ဆိုပြီး မက် လုံးပေးလာပါတယ်။ အခုလည်း စခန်းငယ်တွေ ကင်းစခန်းတွေ ပြန်သိမ်းနိုင်တဲ့ တပ်နဲ့ စစ်ကြောင်းတွေကို ငွေသား ဆုပေးတာတွေ လုပ်နေတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

ထို့ပြင် စစ်ကောင်စီလေတပ်အတွင်း လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သော လေတပ် အရာ ရှိများကိုလည်း ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးမှုများကို စစ်ကောင်စီက လုပ်ဆောင်လျက်ရှိကြောင်း၊ လေတပ်အရာရှိများ၏ မိသားစုများနှင့်ဆွေမျိုး လုံခြုံရေးအတွက် တပ်အတွင်း လာရောက်နေထိုင်ခွင့်ကိုလည်း ယခင်ကတည်းက ခွင့်ပြုထားရာမှ ယခုအခါ ပိုမိုကျယ်ဝန်းသော နေအိမ်နှင့် အဆောင်များ ပံ့ပိုးလာကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအစောပိုင်း ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ယင်းရွေးကောက်ပွဲမတိုင်မီ တာဝန်ထမ်းဆောင်နေသော စစ်တပ်အရာရှိများနှင့် စစ်သားများအနေဖြင့် ဆုံးရှုံးထားသော နယ်မြေနှင့် မြို့များ အမြန်ဆုံး ပြန်လည် သိမ်းပိုက်နိုင်ရေး ဖိအားပေးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article