35 C
Yangon

စစ်ကိုင်းမြို့နယ်၊ လက်ပံရွာ ဘုန်းကြီးကျောင်းသို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက်ပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးနေရ၊ တောင်သာတွင်လည်း စစ်တပ်က စက်တပ် လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ မတ် ၁၉

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လက်ပံရွာ ဘုန်းကြီးကျောင်းသို့ အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက် နက်ကြီး ကျရောက်ပြီးနောက် ရွာလုံးကျွတ် ထွက်ပြေးနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့ ည ၉ နာရီနှ ၁၁ နာရီထိ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ်နှင့် တော် လှန် ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် လက်ပံရွာ ဘုန်းကြီးကျောင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။

“စစ်ခွေးတွေနဲ့ PDF တွေ စစ်ကိုင်း-မင်းကွန်း သွားတဲ့လမ်းမှာ တိုက်ပွဲဖြစ်တာ စစ်ခွေးတွေဘက်က အလောင်းတွေကို ကာတွေနဲ့ မိုးကာအုတ်ပြီး သယ်သွားတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေရမ်းပစ်လို့ လက်ပံရွာ ဘုန်းကြီးကျောင်းပေါ်ကျတာ ပျက်စီးတာတွေရှိပါတယ်။ တစ်ရွာလုံးကတော့ ဘေးလွတ်ရာ ရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွာများကိုလည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၂ နာရီ ၄၈ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ကြီးပင်တဲရွာနှင့် နဂါးဘိုရွာ ဘက်ရောက်ကို ဗုံးသီးကျဲချပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ပျက်စီးမှု အခြေအနေကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှု ကော်မတီက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က အညာဒေသမှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်က အညာဒေသမှ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးနေစဉ်
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article