29 C
Yangon

မြိုင်မြို့နယ် ၊ ကန်နီကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးကို စနိုက်ပါဖြင့် ပစ်ခတ်မှု မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံး

Must read

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာတွင် ကင်းစောင့်နေသော ပျူစောထီးတစ်ဦးကို စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မျှော်စင်ပေါ်မှ ပြုတ်ကျသေဆုံးသွားကြောင်း MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာ၌ မျှော်စင်ပေါ်တွင် ကင်းစောင့် နေသော ပျူစောထီးတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စနိုက်ပါဖြင့် ချောင်းမြောင်းပစ် ခတ်တိုက်ခိုက်ခဲ့ရာ ထိမှန်၍ မျှော်စင်ပေါ်မှ ပြုတ်ကျကာ သေဆုံးသွားကြောင်း၊ ယင်းနောက် စစ်တပ်က အလုံးအရင်းဖြင့် လာရောက်သဖြင့် တော်လှန်ရေးတပ်များနှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်းနောက် တော်လှန်ရေးတပ်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။

“စနိုက်ပါနဲ့ပဲ ပစ်ပြီး ပြန်ဆုတ်လာတာ၊ အပြန်အလှန်ပစ်ခတ်မှုကတော့ သူတို့ဘက်ကတော့ ပစ်တယ်၊ ကိုယ့်ဘက်ကတော့ နည်းနည်းပဲ ပစ်ပြီး ပြန်ဆုတ်လာတာ၊ မျှော်စင်ပေါ်က တစ်ကောင်ကိုပဲစနိုက်ပါနဲ့ ပစ်ချပြီး၊ ပြုတ်ကျလာတာနဲ့ သူတို့ဘက်ကလည်း အင်အားက သာလာတာနဲ့ ပြန်ဆုတ်လာတာ။ ကျ နော်တို့ဘက်က ရဲဘော်တွေအားလုံး အန္တရယ်ကင်းပါတယ်” ဟု MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို MPLမြောက်ပိုင်းဇုန် (မြိုင်-ပကဖ) ၊ မန်ကျည်းရိပ်ကိုရဲ ပကဖ ၊ ကိုဂတုံး တိုက် နယ်-၄ ပကဖ ၊ သပြေတော ပကဖ နှင့် ကိုလီယို Eagle Brigade တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက် ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article