ဒီကနေ့ မတ် ၂၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ချင်းပြည်နယ် ဖလမ်းမြို့သိမ်း တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက် ခလရ ၂၆၈ တပ်ရင်းရဲ့ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်း နဲ့ ဒုတပ်ရင်းမှူး အောင်သီဟ ဆိုသူတို့ဟာ အသီးသီး သေကုန်ကြပြီး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်လိုက်ရတယ်လို့ စစ်တပ် သတင်းရင်းမြစ် ကပြောထားသလို CDM ဗိုလ်ကြီး ဇင်ယော်ကလည်း ရန်ကုန်ခတ်သစ်ကို ပြောထားပါတယ်။
- စစ်ကိုင်းတိုင်းက အင်းတော်မြို့ကို စစ်ကူတက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို KIA-PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က အရှာရှိနဲ့ တပ်သား စုစုပေါင်း ၃၃ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် နောက်ထပ် စစ်သား ၃၁ ဦးကိုပါ အရှင် ဖမ်းဆီးရမိထားပြီး လက်နက် ၅၄ လက်ကိုပါ သိမ်းဆည်း ရရှိထားတယ်လို့ အမှတ် ၁ စစ်ဒေသ ကနေ တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။
- မကွေးတိုင်းအတွင်း အာရက္ခတပ်တော် AA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးဖောက်ဝင်ရောက်နေတဲ့အချိန် အကြမ်းဖက် စစ်ကောင်စီက မကွေးတိုင်းထဲမှာရှိတဲ့ သူ့လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ပြည်သူတွေကို မန်းရွှေစက်တော်ဘုရားပွဲဆီ မဖြစ်မနေ လာရောက်လည်ပတ်ကြဖို့ ခြိမ်းခြောက်ဆင့်ခေါ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
