ရန်ကုန်၊ မတ် ၂၆
ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီအစည်းအဝေးတွင် ၎င်းကအထက်ပါအတိုင်း တိုက်တွန်း ပြောဆိုလာခြင်းဖြစ်သည်။
ပြည်ပသို့ သွားရောက်လုပ်ကိုင်မှုများနှင့်ပတ်သက်၍လည်း ထိုသို့လုပ်ဆောင်မှု များကြောင့် ပြည်တွင်း၌ အလုပ် သမားရှားပါးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန်လိုကြောင်း၊ ပြည်ပသို့သွား ရောက်လုပ်ကိုင်ခြင်းထက် ဘဝလုံခြုံမှုရှိသည့် ပြည်တွင်း၌ လုပ်ကိုင်နိုင်မည့်လုပ်ငန်းခွင် များတွင် လုပ်ကိုင်မည်ဆိုပါကလည်း ကြီးပွားတိုးတက်နိုင်မည့်အခွင့်အလမ်းများရှိပြီး ဖြစ်သဖြင့် ပြည်ပသို့သွားရောက်လုပ်ကိုင်မည့်အစား ပြည်တွင်း၌သာအလုပ်လုပ်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ပြည် တွင်း၌ လုပ်ကိုင်နိုင်ရေးအတွက်လည်း ၎င်းတို့ကို နည်းပညာများ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ စက်မှုနည်းပညာများ စသည်တို့ကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် အလုပ်သမားဝန်ကြီး အသစ်ဖြစ်လာသော ချစ်ဆွေက ယခု မတ်လမှစတင်၍ ထိုင်း၊ ဂျပန်၊ မလးရှား၊ ကိုရီးယားနှင့် စင်ကာပူနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်မှုများကို အရေအတွက် ကန့်သတ်လိုက်ပြီး ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုလျှင် ထိုင်းနိုင်ငံသို့ မြန်မာအလုပ် သမားအရေအတွက် တစ်လလျှင် ၅၀ ဦးနှုန်း၊ ကိုရီးယားနိုင်ငံသို့ မြန်မာအလုပ်သမားအရေအတွက် တစ်လလျှင် ၁၀ ဦးနှုန်း၊ စင်ကာပူနိုင်ငံသို့ မြန်မာအလုပ်သမားအရေအတွက် တစ်လလျှင် ၅ ဦးနှုန်း၊ မလေးရှားနိုင်ငံသို့ မြန်မာအလုပ်သမားအရေအတွက် တစ်လလျှင် ၂၀ ဦးနှုန်းသာ ပေးပို့ရမည်ဖြစ်ကြောင်း ကန့်သတ်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသား လူငယ်များအားလုံးကိုလည်း ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ခွင့် ကန့်သတ်ပိတ်ပင်ထားပြီး ပြည်ပရောက် မြန်မာများအနေဖြင့်လည်း ပြည်တွင်းသို့ မဖြစ်မနေ ပြန်လည် စစ်မှုထမ်းရန်အတွက် ဖိအားပေးမှုများကို ဆက်တိုက် လုပ်ဆောင်လာကြောင်း ပြည်ပရောက် မြန်မာလူငယ်များ၏ မိဘများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
