33 C
Yangon

Khit Thit သတင်းဌာန၏ မတ် ၂၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မတ် ၂၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • နေပြည်တော်မှာ စစ်ရေးပြအခမ်းနာအတွက် ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့စစ်ရေးပြ စစ်ကြောင်းက အရာရှိနဲ့တပ်သားအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဒုဗိုလ်မှူးကြီး ၁ ဦး အပါ အဝင် စစ်သား ၁၈ ဦး ဒဏ်ရာရသွားသလို ၊ ရန်ပွဲကို စစ်ကောင်စီရဲ့ အကြမ်းဖက်နှိမ်နင်းရေးတပ်က အင်အားသုံးပြီး ဖျန်ဖြေခဲ့ရတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ပြောထားသလို CDM ဗိုလ်ကြီးလင်းထက်အောင်ကလည်း ပြောထားပါတယ်။
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တော်လှန်ရေး ပူပေါင်း တပ်တွေက ဝင်ရောက်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်ကို များထားတဲ့အပြင် ၊ နောက်ထပ်စစ်သား ၂ ဦးကိုပါ တော်လှန်ရေးတပ်တွေက ဖမ်းဆီးရ မိခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း ရရှိထားတယ်လို့ PDF အမှတ် ၅၂ ဗျူဟာ ၊ ပေါ်ဦး စစ်ကြောင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးလမ်းပိုင်းအတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်မှုအအတွင်း စစ်ကောင်စီတပ်သား နဲ့ ပျူစောထီး စုစုပေါင်း ၅ ဦးသေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article