28 C
Yangon

နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး

Must read

နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး သေဆုံး

ရန်ကုန်၊ မတ် ၂၇

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း TNLA က ပြောဆိုသည်။

မတ်လ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် နောင်ချိုမြို့နယ်ရှိ အုမ္မခါးရွာ ၊ သုံးဆယ်ရွာ နှင့် ရွှေညောင်ပင်ရွာတို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှု အတွင်း သုံးဆယ်ကျေးရွာမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အုမ္မခါးကျေးရွာမှ ဒေသ ပြည်သူ ၄ ဦးလည်း ထိခိုက် ဒဏ်ရာ ရရှိကာ ၎င်းကျေးရွာရှိ နေအိမ် အများအပြားလည်း ဗုံးစထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မတ်လ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်ကလည်း နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်ကို အကြမ်းဖက် စစ်တပ်က ဂျက်လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော်များ အပါအဝင် ပြည်သူ ၉ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကျဲ တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန် လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA က အသိပေး ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article