ဒီကနေ့ မတ် ၂၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ PDF တပ်တွေက လုံခြုံရေးစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ စစ်ဆင်ရေးနယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ဘန်ကာဆောက်ဖို့ ပစ္စည်းတွေ သယ်ဆောင်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ မဟူရာ ရွှေဘိုသားအဖွဲ့ တာဝန်ခံ မိုးမခက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရန်ကုန်-မန္တလေးအမြန်လမ်းက ရဲစခန်းတွေနဲ့ စစ်ကား ၂ စီးကိုတိုက်ခိုက်မှု စစ်တပ်ဘက်က ၈ ဦး သေဆုံးပြီး စစ်ကား ၁ စီး ချောက်ထဲပြုတ်ကျခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်း စစ်ဒေသ၊ စစ်ဆင်ရေး နယ်မြေ ၂ မှ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးပြောတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
