28 C
Yangon

အကြမ်းဖက် မင်းအောင်လှိုင် BIMSTEC အစည်းအဝေးတက်ရန် ဧပြီလ ၃ ရက်နေ့ စစ်တပ်အထူးလေယာဉ် Fokker 70 ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ သွားရောက်မည်

Must read

ရန်ကုန်၊ မတ် ၂၈

အကြမ်းဖက် မင်းအောင်လှိုင်က BIMSTEC အစည်းအဝေးတက်ရန် ဧပြီလ ၃ ရက်နေ့ စစ်တပ်အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်း စစ်တပ် အထူးလေယာဉ် Fokker 70 ဖြင့် နေပြည်တော်မှ ဘန်ကောက်မြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း၊ BIMSTEC အစည်းအဝေးတက်ရောက်ရန် ဧပြီလ ၃ ရက်မှ ၄ ရက်အထိ ဘန်ကောက်မြို့သို့ လာရောက်မည်ဖြစ်ကြောင်း၊ BIMSTEC အဖွဲ့၏ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည့် မင်းအောင်လှိုင်မှာ ထိုင်းနိုင်ငံသို့ ပထမဆုံး လာရောက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က သဘာပတိအဖြစ် တာဝန်ယူကျင်းပမည်ဖြစ်ပြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကာ BIMSTEC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ ပါဝင်တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဘန်ကောက်မြို့သို့ မသွားရောက်မီ ကော့သောင်းအကျဉ်း ထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ထိုင်းနိုင်ငံသား ရေလုပ်သား ၄ ဦးကို ယမန်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး ထိုင်းနိုင်ငံသားများဖြစ်သည့် Virot Saphanthong Na Nakhon ၊ Sunan Mongkutton ၊ Sonpong နှင့် Thavorn တို့မှာ ပြန်လည် လွတ်မြောက်လာကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article