28 C
Yangon

Breaking News – ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ၊ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်

Must read

ရန်ကုန်၊ မတ် ၂၈

စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်လှုပ်ခတ်အပြီး ၁၂ မိနစ်ခန့်အကြာတွင် စစ်ကိုင်းမြို့တောင်ဘက်ပိုင်း ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့တွင် လူသေဆုံးမှုများနှင့် ထိခိုက်ပျက်ဆီးမှုများပြားခဲ့ပြီး အလွန်အားပြင်းသည့် ငလျင်၏ နောက်ဆက်တွဲ ငလျင်ငယ်များလှုပ်ခတ်နိုင်သည့်အတွက်ကြောင့် ယိုင်နဲ့သွားတဲ့အဆောက်အအုံများ၊ အထပ်မြင့်များတွင် ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံများ အက်ကွဲမှုရှိ မရှိ စစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းကြဖို့နှင့် အချို့ဒေသများတွင် ငလျင်ကြောင့် သဲအရည်ပျော်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အတွက် သတိပြုနေထိုင်ကြပါရန် NUG က ထုတ်ပြန်သတိပေးထားသည်။

အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်ဒဏ်ကို မြန်မာနိုင်ငံအတွင်းတွင်မ န္တလေး၊ မေမြို့၊ တောင်ကြီး၊ စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ မိုးကုတ်၊ သီပေါ၊ လားရှိုး၊ ကျောက်မဲ၊ နေပြည်တော်၊ ပင်လောင်း၊ ရွာငံ၊ ပုဂံ၊ ညောင်ဦး၊ ပခုက္ကူ၊ မကွေး၊ မင်းတုန်း၊ ပြည်၊ ပေါင်းတည်၊ ဓနုဖြူ၊ ဒေးဒရဲ၊ မအူပင်၊ မြောင်းမြ၊ ဖျာပုံ၊ လပွတ္တာ၊ ညောင်တုန်း၊ ဟင်္သာတ၊ ပဲခူး၊ တိုက်ကြီး၊ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ၊ ကရင်နီ၊ ရေး၊ ထားဝယ်၊ မြိတ်၊ မိုးနဲ၊ ဒေးဒရဲ၊ တိုက်ကြီး၊ ဟသာ်တ အပါအဝင် မြို့များစွာတွင် ငလျင်ဒဏ်ကို ခံစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့တွင်လည်း ငလျင်ဒဏ်ကို ခံစားခဲ့ရသည်။

လက်ရှိတွင် ငလျင်ဒဏ်ကို မန္တလေးနှင့် စစ်ကိုင်းဒေသည် အပြင်းထန်ဆုံးခံစားခဲ့ရပြီး လက်တလောအချိန်အထိ အဆောက်အအုံများထဲတွင် လူများပိတ်မိနေဆဲဖြစ်ပြီး ကယ်ဆယ်ကူညီရေးလုပ်ငန်းများ များစွာ လိုအပ်နေကာ ဘေးလွတ်ကင်းသည့်ပြည်သူများအနေနှင့် ဘေးအန္တရာယ်အတွင်း ပိတ်မိနေသည့် ပြည်သူများကို ပြည်သူအချင်းချင်း ကူညီကယ်ဆယ်ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပုံများ – လူမှုကွန်ယက်မှ ပြည်သူများ တင်ထားသော ပုံများဖြစ်ပါသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article