28 C
Yangon

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား

Must read

ရန်ကုန်၊ မတ် ၂၈

နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိတချို့ အပါအဝင် သေဆုံးမှုများရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ် အုတ်ကွန်ကရစ်များ ပြိုကျမှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့ ထိခိုက်သေဆုံးခဲ့ကြောင်း၊ အခြားဒဏ်ရာရရှိသူများလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။

“သေဆုံးတာကတော့ ဝန်ထမ်းတွေလည်းများတယ်။ အရာရှိတချို့လည်းပါတယ်။ ဒဏ်ရာရတာလည်းများတယ်။ ဝန်ကြီးဌာနရုံးတွေလည်း ပြိုတယ်။နိုင်ငံခြားရေး ဝန်ကြီးဌာန အဆောက်အဦးလည်း တော်တော်ဆိုးဆိုးဝါးဝါး ပြိုကျတယ်။ ပိကုန်တာတွေလည်းရှိတယ်” ဟု နေပြည်တော်တပ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နေပြည်တော်လေဆိပ်၊ လေကြောင်းထိန်းသိမ်းရေး တာဝါတိုင်မှာမူ ကျိုးကျသွားသဖြင့် ယင်းတာဝါတိုင်အတွင်း တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းအားလုံး သေဆုံးသွားခဲ့ပြီဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article