36 C
Yangon

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေ စုံစမ်းဆဲ

Must read

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျပြီး ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှုအခြေအနေ စုံစမ်းဆဲ

ရန်ကုန်၊ မတ် ၂၉

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် အဆောင်ပြိုကျမှုရှိနေပြီး ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးမှုအခြေအနေများကို စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“အိုးဘိုအကျဉ်းထောင်ထဲက အဆောင်တွေက ဆွေးမြည့်နေပြီးတော့ တိုက်ထဲက ထောင်ထဲမှာ ရှိတဲ့ အကျဉ်းသားတွေကို တိုက်ပိတ်အပြစ်ဒဏ်ပေးတဲ့ တိုက်တွေဟာ နဂိုထဲက ပြိုလုဆဲ‌ဆဲအခြေအနေမှာ ရှိနေတဲ့အတွက် တိုက်ပြိုမှု‌တွေ ရှိနိုင်တယ်။ လက်ရှိမှာ အကျဉ်းသား‌တွေ ထားထား၏ မထားထား၏ မသိရသေးပေမယ့် အဆောင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တယ်ဆိုတာ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အကျဉ်းသား ဘယ်လောက် ထိခိုက်ပြီး ဘာ‌တွေ ဆက်ဖြစ်နေတယ်ဆိုတာတော့ ကျွန်တော်တို့ လက်ရှိ သတင်းမှောင်ချ ခံထားရတာဖြစ်လို့ ရရှိဖို့ အရမ်းကို ခက်ခဲနေပါတယ်ဗျ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အိုးဘိုအကျဉ်းထောင်အပါအဝင် မန္တလေးတိုင်းအတွင်းရှိ ထောင်များနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ အကျဉ်း ထောင်များ၏ အခြေအနေများကို စုံစမ်းလျက်ရှိပြီး သိရှိအတည်ပြုထားမှုများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- မန္တလေး ဗဟိုအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article