33 C
Yangon

တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲမှု ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးပွဲချင်းပြီး သေဆုံး၊ မင်းတပ်မြို့ကိုလည်း လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများကျဲချ

Must read

ရန်ကုန်၊ ဧပြီ ၁၀

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲချ ခဲ့ရာ ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးပွဲချင်းပြီး သေဆုံးကြောင်း ချင်းတော်လှန်ရေးအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဧပြီလ ၁၀ ရက်နေ့ နံနက် ၀၀ နာရီ ၃၀ မိနစ်အချိန် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာသို့ တိုက် လေယာဉ်ဖြင့် ဗုံးများကျဲချခြင်းဖြစ်ကြောင်း၊ ဗုံးလာရောက်ကျဲချချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲခံရသော အဆိုပါကျေးရွာမှာလည်း တော်လှန်ရေးတပ်များ တပ်စွဲထားခြင်းမရှိကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၄ ဦး အပါအဝင် မိသားစုဝင် ၆ ဦးလုံးမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

“သေဆုံးတာက ကလေး ၄ ဦးနဲ့ လူကြီး ၂ ဦးဖြစ်ပါတယ်။ နောက်ထပ် ကလေး ၁ ဦးကတော့ ပြင်းထန်ဒဏ်ရာရပါတယ်။ သေဆုံးဒဏ်ရာရတာတွေက မိသားစုဝင်တွေချည်းပါပဲ” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

အလားတူ ဧပြီလ ၉ ရက်နေ့ ည ၈ နာရီ ၄၄ မိနစ်အချိန်နှင့် ည ၈ နာရီ ၅၈ မိနစ်အချိန် မင်းတပ်မြို့နယ်၊ တိုက်နယ် ၄ အတွင်းသို့ နေပြည်တော်၊ အေလာလေတပ်မှ တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးများ လာရောက်ကျဲချခဲ့ကြောင်း၊ မင်းတပ်အခြေစိုက် ချင်းတော်လှန်ရေး သတင်းရင်းမြစ်က လူမှုကွန်ရက်မှတစ်ဆင့် သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article