ဒီကနေ့ ဧပြီ ၁၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ပဲခူးမြို့မှာပါ ပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုရဲ့ ၄ နှစ်ပြည့်နေ့မှာပဲ ပဲခူးနဲ့ရန်ကုန်မှာ ဆန္ဒပြ ပြည်သူတွေကို သေရဲတဲ့ကောင် ထွက်ခဲ့လို့ ကြွေးကြော်ပြီး ဦးဆောင်နှိမ်နင်းခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်မ ၇၇ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦး နဲ့ စစ်သား အယောက် ၁၅၀ ကျော်ကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြီး အဲဒီံ တပ်မ ၇၇ တစ်တပ်လုံးကို တော်လှန်ရေးပူးပေါင်းတပ်တွေက ချေမှုန်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ သူတို့ စစ်တပ်ရဲ့ ရှေ့တန်းစခန်းတွေ နဲ့ စစ်မြေပြင် တွေမှာ ယတြာအဖြစ် ရတနာသုတ်ကို ၉ ရက်၊ ၉ ကြိမ် ညတိုင်း ရွတ်ဖတ်ခိုင်းနေပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မန္တလေးမြို့အနီးကို ဗဟိုပြုပြီး ဧပြီလ ၉ ရက်နေ့ဖြစ်တဲ့ မနေ့ကညပိုင်းမှာပဲ နောက်ဆက်တွဲ ငလျင်ငယ် ၂ ကြိမ်လှုပ်ခတ်သွားပြန်တဲ့အတွက် ပြည်သူအများစု ထိတ်လန့်ခဲ့ကြရတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
